ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ( ၆ ၊ ၇ ) ရက်များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဦးဥတ္တမခန်းမ၊ စစ်တွေမြို့ နှင့် Sedona Hotel ၊ ရန်ကုန်မြို့တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။
အဆိုပါစီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်းဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေမြေဖို့မြေယာစီမံကိန်းကို နိုင်ငံတကာအဆင့်မှီ မြေဖို့ခြင်းနည်းပညာကိုအသုံးပြုထားပြီး ကွန်ကရစ်ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။
ယခုအခါမှာ စီမံကိန်းရှိ မြေဖို့ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ (စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး) ဦးကျော်လွင်မှ မြေကွက်များအား ရောင်းချခွင့်ကို တရားဝင်ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပြီး အရောင်းပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ စီမံကိန်းရှိမြေကွက်များအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေထုတ်ပေးမည်ဖြစ်သည်။
စီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာအဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီဇိမ်ရှိရှိနေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများတိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်းအဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတားဖွင့်ပြီးပါကမိနစ် (၃၀) ခန့်ဖြင့်သာသွားလာနိုင်ခြင်း၊ လူမှုစီးပွားအားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP)စီမံကိန်းတို့ကိုထောက်ပံ့ပို့ဆောင်ရေးမဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်းသိရသည်။
ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိသောကြောင့် နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။
“ ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)