ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်မြို့ကသင်္ကြန်မဏ္ဍပ်တွေအနေနဲ့  သတ်မှတ်ထားတဲ့ရက်တွေမှာအပြီးမဖျက်သိမ်းရင်ပေးသွင်းထားတဲ့ စပေါ်ငွေထဲက ဒဏ်ကြေးအဖြစ်ရယူသွားမယ်လို့ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီထံက သိရပါတယ်။
မဏ္ဍပ်အကြီးတွေအနေနဲ့  သင်္ကြန်အပြီး ငါးရက်အတွင်းအပြီးတိုင်ဖျက်သိမ်းရမည်ဖြစ်ကာ မဏ္ဍပ်အသေးတွေအနေနဲ့ လေးရက်အတွင်းအပြီးတိုင်ဖျက်သိမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ဟာ ဆောက်လုပ်ခွင့်ပါမစ်ချထားပေးစဉ်ကတည်းက ပါဝင်ပြီးသားဖြစ်ပါတယ်။
ဒါ့ကြောင့် သတ်မှတ်ရက်အတွင်းမဖျက်သိမ်းနိုင်ခဲ့ရင်တော့ အာမခံစပေါ်ငွေတွေထဲက ဒဏ်ကြေးအဖြစ်ရယူသွားမယ်လို့ သိရပါတယ်။
ရန်ကုန်မှာမဏ္ဍပ်တည်ဆောက်ခွင့် အာမခံစပေါ် ငွေအနေနဲ့ ကတော့ မဏ္ဍပ်အကြီးကို သိန်း၁၀၀နဲ့  မဏ္ဍပ်အသေးကို သိန်း၆၀ သတ်မှတ်ထားပါတယ်။
အခုနှစ်ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်အကြီး ၁၈ ခု၊ မဏ္ဍပ်အလတ် ၁၀ ခုနှင့် လမ်း လျှောက်သင်္ကြန် သုံးခုတို့ကိုရန်ကုန်မြို့ တော်စည်ပင်သာယာကခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com