၁ နှစ်နီးပါကြာရောင်းမထွက်သေးသည့် ပေါင် ၆၅ သန်းတန် ပုဂ္ဂလိကကျွန်း

၁ နှစ်နီးပါကြာရောင်းမထွက်သေးသည့် ပေါင် ၆၅ သန်းတန် ပုဂ္ဂလိကကျွန်း - Property News in Myanmar from iMyanmarHouse.com
22 Apr 2019 11:48 am တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

ခရစ္စတယ်လေးလို ကြည်လင်လှပတဲ့ပင်လယ်ရေတွေ ဝန်းရံထားပြီး ဆွေးမျိုးမိတ်ဆွေတွေကိုပါ လက်ခံထားရှိနိုင်ဖို့ရာ နေအိမ်အမြောက်အမြားနဲ့ပြည့်နေတဲ့ ပုဂ္ဂလိကကျွန်းတစ်ကျွန်းကိုပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။

သင့်မှာ ပေါင် ၆၅ သန်းလောက်လက်ဝယ်ရှိတယ်ဆိုရင်တော့ စိတ်ကူးယဉ်အိပ်မက်တစ်ခုသက်သက် မဟုတ်တော့ပါဘူးနော်။ ပေါင် ၆၅ သန်းနဲ့ ဈေးခေါ်ထားတဲ့ ကမ္ဘာ့ခေါ်ဈေးအကြီးဆုံးလို့ဆိုရမယ့် အိမ်ခြံမြေတစ်ခုဟာ အရောင်းဈေးကွက်ပေါ် ရောက်ရှိနေတာ ၁ နှစ်လောက်ကြာလာတဲ့တိုင် ဝယ်လက်ကို မတွေ့ရှိသေးပါဘူး။

ဘဟားမားစ်နိုင်ငံမှာ သင့်အိပ်မက်ထဲကကျွန်းထက် ပိုပြီးလှပတဲ့ ပုဂ္ဂလိကကျွန်းက သင့်ကို သူ့ပိုင်ရှင်ဖြစ်လာဖို့ စောင့်မျှော်လျက်ရှိပါတယ်။

သာယာအေးချမ်းလှပတဲ့ အဲ့ဒီကျွန်းလေးဟာ အခုထိတော့ ဘယ်ဘီလျံနာဝယ်လက်ရဲ့ နှလုံးသားကိုမျှ သိမ်းပိုက်နိုင်စွမ်းမရှိသေးဘဲ အရောင်းဈေးကွက်ပေါ်မှာ ၁ နှစ်နီးပါးရှိလို့နေပါပြီ။

အဲ့ဒီကျွန်းဟာ ဗြိတိန်အိမ်ခြံမြေဝက်ဘ်ဆိုက် Rightmove မှာ ရောင်းရန်ရှိတဲ့ ပြည်ပအိမ်ခြံမြေတွေ (နေအိမ်မရှိသော ကျွန်းများနှင့် ဆိုင်ခန်းများ သို့ ရုံးခန်းများ)အနက် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။ အဲ့ဒီကျွန်းရဲ့အရောင်းအဝယ်အတွက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကတော့ Knight Frank ပဲဖြစ်ပါတယ်။

အဲ့ဒီကျွန်းကို Little Pipe Cay လို့ ခေါ်ပါတယ်။ ၃၈ ဧက ကျယ်ဝန်းတဲ့ Little Pipe Cay ကျွန်းပေါ်မှာ နေအိမ်အမြောက်အမြား ပျံ့နှံ့လို့နေပါတယ်။

Little Pipe Cay ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ အမေရိကန်နဲ့ ကျူးဘားတို့အကြား ကျွန်းပေါင်း ၇၀၀ ကျော်ရှိတဲ့ဘဟားမားစ်ကျွန်းစုနိုင်ငံရဲ့ Exuma လို့ခေါ်တဲ့ ခရိုင်မှာ ရှိပါတယ်။ Exuma မှာ ကျွန်းပေါင်း ၃၆၅ ကျွန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ Knight Frank ကတော့ Little Pipe Cay ကို Exuma ရဲ့ ရတနာသရဖူ၊ ဘဟားမားစ်ရဲ့ ထိပ်တန်းပုဂ္ဂလိကကျွန်းတစ်ကျွန်းအဖြစ် တင်စားထားပါတယ်။

Little Pipe Cay ကျွန်းဟာ ဂျိမ်းစ်ဘွန်းနဲ့ Pirates of the Caribbean ဇာတ်ကားတွေမှာ ပါဝင်ဖူးပါတယ်။ သူနဲ့အနီးဆုံးနာမည်ကျော်ကမ်းခြေကတော့ မိုင် ၂၇၀ အကွာမှာတည်ရှိတဲ့ မိုင်ယာမီကမ်းခြေပဲဖြစ်ပါတယ်။

ကျွန်းကို အဝင်အထွက်လုပ်ဖို့အတွက်ကတော့ ပင်လယ်လေယာဉ်တွေနဲ့ အသွားအလာလုပ်မှပဲအဆင်ပြေပါမယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service