ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
နိုင်ငံခြားသားများသို့ ကွန်ဒိုရောင်းချခွင့်ကိုလာမည့်ဇွန်လအတွင်း စတင်ခွင့်ပြုနိုင်အောင်ကြိုးပမ်းမယ်လို့ ရန်ကုန်တိုင်းဒေသကြီးစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏အဖွဲ့ဝင်ဖြစ်သူက ပြောပါတယ်။
ကွန်ဒိုတိုက်ခန်းများနှင့်ပတ်သက်၍ လက်ရှိတွင်စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူလိုင်စင်များချပေးနေပြီး စုပေါင်းပိုင်အဆောက်အအုံခွင့်ပြုမိန့်နှင့်မှတ်ပုံတင်ခြင်းတို့ဆက်လက်ဆောင်ရွက်ပြီးလျှင် နိုင်ငံခြားသားများသို့ရောင်းချခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်နိုင်ငံခြားသားများသို့ကွန်ဒိုအဆောက်အအုံတစ်လုံး၏ ၄၀ရာခိုင်နှုန်းရောင်းချခွင့်က ၂၀၁၆ နှစ်ကုန်ပိုင်းတွင်တရားဝင်ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း လုပ်ထုံးလုပ်နည်းပိုင်းတွင်ညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်နေရခြင်းကြောင့် ယခုအချိန်အထိနိုင်ငံခြားသားများသို့ ရောင်းချခွင့်မရရှိသေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိပေါ်ထွက်လာသည့်ဥပဒေသစ်အရနိုင်ငံခြားသားများသို့ ၄၀ ရာခိုင်နှုန်းရောင်းချခွင့်ပေးမည်ဖြစ်၍ကွန်ဒိုဈေးကွက်တွင်၄၀ရာခိုင်နှုန်းခန့်အရောင်းအ၀ယ်ပိုများလာနိုင်မည်ဟု မျှော်လင့်ရကြောင်းအိမ်ခြံမြေအကျိုးဆောင်အချို့က ပြောဆိုသည်။
လက်ရှိတွင် ကွန်ဒိုတည်ဆောက်ခွင့်လိုင်စင်ကိုပြည်တွင်း၊ပြည်ပကုမ္ပဏီ၂၄ ခုကရရှိထားပြီ ဖြစ်သည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com