ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ကုမ္ပဏီက သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ၂၇ ထပ်မြင့် Challenger တာဝါမိုးမျှော်တိုက်ကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူအမေရိကန်ပြည်ထောင်စု၊ ဘော့စ်တွန်မြို့အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ AEW Capital သည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ Challenger တာဝါမိုးမျှော်တိုက်ကြီးကို ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မှတ်ချက်။ သြစတေးလျဒေါ်လာဖြင့် ရောင်းချခြင်းလော (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ရောင်းချခဲ့ခြင်းလော ဟူသည်ကိုမူ မသိရချေ။
Challenger တာဝါမိုးမျှော်တိုက်ကြီးသည် မဲလ်ဘုန်းမြို့၊ Queen လမ်း၊ အမှတ် ၃၁ တွင် တည်ရှိပြီး ၂၇ ထပ်မြင့်မားသော အဆောက်အအုံကြီး ဖြစ်သည်။
ရောင်းချသူမှာ ဘဏ္ဍာရေးကုမ္ပဏီကြီး Challenger မှ ရောင်းချခြင်းဖြစ်ပြီး ပုံသေဝင်ငွေရမည့် ရင်းနှီးမြှုပ်နှံမှုများထံ ပြောင်းလဲခြေချမည့် မဟာဗျူဟာအရ အိမ်ခြံမြေများကို ရောင်းထုတ်လျှော့ချလာခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိအားဖြင့် Challenger သည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများကို ဒေါ်လာ သန်း ၇၀၀ ဖိုး ရောင်းချခဲ့ပြီးလည်း ဖြစ်သည်။
AEW သည် ဟားရစ်လမ်း၊ အမှတ် ၁၉ ရှိ Pyrmont ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ကန်ဒေါ်လာ ၁၄၃ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။
ထို့အပြင် AEW သည် ဆစ်ဒနီမြို့၊ ပစ်ထ်လမ်း၊ အမှတ် ၅၀ ရှိ အဆောက်အအုံကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၆၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။
Challenger သည် မဲလ်ဘုန်းရှိ Challenger တာဝါမိုးမျှော်တိုက်ကြီးကို ၂၀၁၁ ခုနှစ်တွင်း ကန်ဒေါ်လာ ၈၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုရောင်းချလိုက်သောဈေးနှုန်းအရ ဒေါ်လာ ၁၁၉ သန်း မြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။
ငှားရမ်းနိုင်သည့် ဧရိယာ စတုရန်းမီတာ ၁၉၂၁၃ ပါဝင်သည့် Challenger တာဝါမိုးမျှော်တိုက်ကြီး အရောင်းအဝယ်တွင် JLL အိမ်ခြံမြေကုမ္ပဏီက အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)