ကွန်ဒိုမီနီယံ တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများတွင် ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည်ဟု ဆို

ကွန်ဒိုမီနီယံ တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများတွင် ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 10:48 am တွင် တင်ခဲ့သည်
1139 ကြိမ် ကြည့်ရှု့ပြီး

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) တည်ထောင်သူလိုင်စင်များ ထုတ်ပေးပြီးဖြစ်သည့်အတွက် ထပ်မံတည်ဆောက်မည့် ကွန်ဒိုတိုက်ခန်းများကို ပြည်ပနိုင်ငံများ၌ ပြခန်းများဖွင့်လှစ်ပြီး ရောင်းချနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကွန်ဒိုမီနီယံတိုက်ခန်းတွေပေါ်လာလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က နိုင်ငံအတွင်းမှာပဲ အရောင်းအဝယ်လုပ်တယ်။ ဒီ ကွန်ဒိုမီနီယံ တိုက်ခန်းတွေပေါ်လာရင် မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ခန်းတွေကို မြန်မာနိုင်ငံ အပြင်ဘက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောင်းချနိုင်တော့မယ့် အခွင့်အရေးတွေရှိပါပြီ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေ ထွက်ပေါ်လာခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍအတွက် ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ရောင်းချသည့် တိုက်ခန်းအရေအတွက်နှင့် ငှားရမ်းမှုများကိုပါ တိကျစွာဖြင့် နိုင်ငံတော်က အခွန်ကောက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီဥပဒေ ထွက်ပေါ်လာခြင်းသည် ဆောက်လုပ်ရေးကဏ္ဍအတွက် တစ်ခေတ် ပြောင်းသွားတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အတွက်လည်း အခွန်တွေတိတိကျကျရမယ့် အခြေအနေရှိပါတယ်” ဟု ဦးရှိန် ဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားသားများ ဝယ်ယူနိုင်မည့် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ခုကို စတင်ခွင့်ပြုပေးခဲ့ကြောင်း ဧပြီ ၆ ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်း လိုင်စင်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ပြချက်အရ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖွဲ့စည်းထားပြီးဖြစ်သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ၁၁ ခုအနက် ရန်ကုန်တိုင်းဒေသကြီးက ပထမဦးဆုံးအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများကို လိုင်စင်ခွင့်ပြုပေးအပ်ခဲ့ ခြင်းဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ အရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့်အထက်ရှိသည့် အထပ်မြင့်အဆောက်အအုံကို ဆိုလိုခြင်းဖြစ်သည်။ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများက ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့်သာမက ကွန်ဒိုတည်ဆောက်ထားသော မြေနေရာကို အချိုးကျ ပိုင်ဆိုင်ခွင့်ပြုထားသည်။

ထို့ကြောင့် အခန်းပိုင်ရှင်များထက် မြေပိုင်ရှင်ကို ပိုမိုအခွင့်အရေးပေးထားသည့် ယခင်တိုက်ခန်းများထက် အားသာချက်များစွာ ရှိကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေအရ ရောင်းချခွင့်ရှိသည်။

သို့သော် ဥပဒေအသစ်အရ နိုင်ငံခြားသားများအနေဖြင့် ခြောက်ထပ်နှင့် အထက်ဖြစ်သော တိုက်ခန်းများကိုသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ပိုင်ဆိုင်မှုအပေါ် စီမံခန့်ခွဲပိုင်ခွင့် ပေးထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေအငှားနှင့် အရောင်းအဝယ်ဈေးကွက် ရာခိုင်နှုန်း ၄၀ ခန့်ကျဆင်းနေပြီး ကျပ် သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service