စင်္ကာပူအိမ်သစ်ရောင်းအား မတ်တွင် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်မြင့်တက်

စင်္ကာပူအိမ်သစ်ရောင်းအား မတ်တွင် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 10:24 am တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံတွင် အိမ်သစ်ရောင်းအားသည် မတ်တွင် တစ်ဟုန်ထိုးပြန်လည်မြင့်တက်လာသည်မှာ ရောင်းအား ၁၀၅၄ အိမ်ခန်းရှိခဲ့ပြီး ဖေဖော်ဝါရီထက် ၁၃၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်မတ်ထက် ၄၇ ဒသမ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းစင်္ကာပူမြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ (URA) မှ ထုတ်ပြန်သည့် developer (မြေယာဝယ်ယူ၍အဆောက်အအုံ ဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ၏ရောင်းအားစစ်တမ်းအရ သိရသည်။

အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်ကွန်ဒိုများဖြစ်သော EC များအား ထည့်သွင်းရေတွက်ပါက developer များသည် စုစုပေါင်း ၁၀၆၂ ခန်း ရောင်းချခဲ့ရပြီး ၁၃၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွက် အိမ်သစ်ရောင်းအားသည် ၁၉၄၆ ခန်း ရောင်းအားရှိခဲ့ပြီး ကြံ့ကြံ့ခံနိုင်ဆဲဖြစ်သည်။ ယင်းရောင်းအားသည် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များ လွန်ခဲ့သည့်တစ်နှစ်ကျော်က မစတင်ခဲ့သေးသည့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်ရောင်းအား ၁၅၈၁ ခန်းထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားသည်။

မတ်တွင် ဈေးကွက်ထဲစတင်ဝင်ရောက်ခဲ့သည့် ပုဂ္ဂလိကအိမ်ခန်း ၁၈၁၂ အိမ်အနက် ၁၇၀ မှာ Core Central Region (CCR) ဒေသမှ ဖြစ်ပြီး ၅၇၆ ခန်းမှာ Rest of Central Region (RCR) မှဖြစ်ကာ ၁၀၆၆ မှာ Outside Central Region (OCR) မှ ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းသစ်များတွင် ၂၈၉ ခန်း ရောင်းထွက်ခဲ့သည့် Treasure At Tampines၊ ၇၇ ခန်း ရောင်းထွက်ခဲ့သည့် The Florence Residences၊ ၂၆ ခန်း ရောင်းထွက်ခဲ့သည့် Boulevard 88၊ ၁၀ ခန်း ရောင်းထွက်ခဲ့သည့် One Meyer နှင့် ၆ ခန်း ရောင်းထွက်ခဲ့သည့် The Essence တို့ ပါဝင်သည်။

Boulevard 88 ၏ ၂၈ ထပ်ရှိ ၅၂၈ စတုရန်းမီတာအကျယ်အခန်းသည် စင်္ကာပူဒေါ်လာ ၂၈ သန်း (၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၄၉၂၇ ဒေါ်လာ) ဖြင့် ပြီးခဲ့သည့်လအတွင်း ဈေးနှုန်းအမြင့်ဆုံးရောင်းထွက်ခဲ့သည့်အခန်းဖြစ်ခဲ့သည်။ ယင်းသည် Reignwood Hamilton Scotts အိမ်ခန်းအား ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၅၀၀၁ ဒေါ်လာဈေးဖြင့် ရောင်းထွက်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်နောက်ပိုင်း ဈေးနှုန်းအမြင့်ဆုံးရောင်းထွက်ခဲ့သည့် အိမ်သစ်လည်း ဖြစ်သည်။

CBRE သုတေသန၏ အရှေ့တောင်အာရှဆိုင်ရာအကြီးအကဲ ဒက်စ်မွန်ဆင်းမ်က developer များသည် လက်ကျန်များကို ဖြတ်၍ ဈေးကွက်အား ခဏအနားပေးရန် အလို့ငှာ စီမံကိန်းသစ်မိတ်ဆက်မှုများကို အရှိန်လျှော့ချမည်ဟု ခန့်မှန်းရကြောင်း သုံးသပ်ထားသည်။

ဝယ်လက်များကလည်း လာမည့်သုံးလပတ်များတွင် ဈေးနှုန်းများကျဆင်းရန်မျှော်လင့်ချက်ဖြင့် စောင့်ကြည့်မူဝါဒကို လက်ကိုင်ထားကြမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service