ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဗီယက်နမ်ကို လျှပ်စစ်ဓာတ်အားမပြည့်မှုအန္တရာယ်ဖြေရှင်းရေးအစီအစဉ်တစ်ရပ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်များအား ဆောင်ရွက်ရန် နှိုးဆော်လိုက်သည်။
လာမည့်နှစ်များတွင် လျှပ်စစ်ဓာတ်အားလျော့နည်းပြတ်လပ်မည့် သိသာထင်ရှားသောအန္တရာယ်များကြောင့် ဗီယက်နမ်သည် သဘာဝပတ်ဝန်းကျင်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စတေးပစ်မည်မဟုတ်ကြောင်း ဒုတိယဝန်ကြီးချုပ် ထရင်ဒင်ဒွန်က နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း Vietnam Electricity (EVN) နှင့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း VnExpress က ဖော်ပြခဲ့သည်။
"ကျောက်မီးသွေးလောင်ကျွမ်းခြင်းမှရရှိတဲ့ လျှပ်စစ်ဓာတ်အားဟာ စွမ်းအင်ဖူလုံမှုရဲ့ အဓိကအသက်သွေးကြောဖြစ်နေပေမဲ့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြိုးပမ်းအားထုတ်တဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ကျောက်မီးသွေး ဒါမှမဟုတ် ဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲဓာတ်အားပေးစက်ရုံတွေကို တည်ထောင်ရပါမယ်" ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သေးသည်။
နျူကလီးယားဓာတ်အား၏ ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ ထုတ်လွှတ်မှုအကန့်
ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၇) တွင် ဖော်ပြထားသည့် ထုတ်လုပ်မည့် စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆ သောင်းကို ၂၀၂၀ ပြည့်နှစ်မကုန်မီ ထုတ်လုပ်မည်ဟု ခန့်မှန်းရသည်။
၎င်းစီမံကိန်းအရ ဗီယက်နမ်တွင် ရှိလာမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စုစုပေါင်းတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ ၄၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ ၃၀ ဒသမ ၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ကာ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဓာတ်အားပေးစက်ရုံများမှာ ၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ်မည်ဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)