ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဗီယက်နမ်နိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်သော ဒါနန်းမြို့တွင် ဇိမ်ခံလူနေအိမ်ပေါင်း ၃၂ လုံးပါဝင်သည့် The Star Island ကမ်းခြေအပန်းဖြေအိမ်ရာစီမံကိန်းကြီး အရောင်းဈေးကွက်ဝင်လာသည်။
ဒါနန်းသည် စမတ်မြို့တော်တစ်ခုဖြစ်ပြီး သဲဖြူပင်လယ်ကမ်းခြေများ၊ နိုင်ငံတကာဟိုတယ်များ၊ ဂျပန်-ကိုရီးယား-ထိုင်း-ဟောင်ကောင်-တရုတ်-ဒိုဟာ-စင်္ကာပူ-မလေးရှားနှင့် အခြားကမ္ဘာ့နိုင်ငံများစွာနှင့် နေ့စဉ်လေကြောင်းခရီးစဉ်များရှိသော နိုင်ငံတကာလေဆိပ်သစ်ကြီး တည်ရှိသောမြို့ဖြစ်သည်။
-ဒါနန်း၏ သာယာလှပသောပင်လယ်ကမ်းခြေများမှ ၅ မိနစ်ခရီး
-ဒါနန်း နိုင်ငံတကာလေဆိပ်မှ ၁၀ မိနစ်ခရီး
-စင်္ကာပူနိုင်ငံတကာစာသင်ကျောင်းမှ ၁၅ မိနစ်ခရီး
-ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များမှ ၅ မိနစ်ခရီး
“ဒီစီမံကိန်းဟာ ဗီယက်နမ်ရဲ့ အတောက်ပဆုံးမြို့ကြီးတွေထဲကတစ်ခုမှာ တည်ရှိပြီး ဘယ်နေရာနဲ့မှ မတူဘဲ ထူးခြားလှပတဲ့ စီမံကိန်းတစ်ခုပါ”ဟု Nine Dragons Realty Group Vietnam ၏ အမှုဆောင်အရာရှိချုပ် အင်ဒရူး မေယာက ပြောကြားသည်။
The Star Island စီမံကိန်းကို ဝယ်ယူရန် စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ အမေရိကနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ဇိမ်ခံလူနေစီမံကိန်းများ ဆောက်လုပ်ကြသည့် အိမ်ခြံမြေ developer တို့က ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိနေသည်ဟု ဆိုသည်။
ဇိမ်ခံလူနေစီမံကိန်းများ ဆောက်လုပ်ခဲ့ကြသည့် သမိုင်းကြောင်း၊ ဝယ်ယူရာတွင် ပေးမည့်ဈေးနှုန်းအစရှိသည့်အချက်များသည် ရောင်းချရေးအတွက် ဆုံးဖြတ်ရာတွင် အဓိကကျမည့်အချက်အလက်များ ဖြစ်လာမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)