ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက် စင်္ကာပူဖြစ်ဆဲ

ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက် စင်္ကာပူဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 10:44 am တွင် တင်ခဲ့သည်
994 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် ဟောင်ကောင်ပြီးလျှင် ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်အဖြစ် ထပ်မံရပ်တည်လိုက်ပြန်ပြီဖြစ်ကြောင်း ကမ္ဘာ့အဓိကမြို့ကြီး ၃၅ မြို့၌ စစ်တမ်းကောက်ယူဆန်းစစ်ထားသည့် ပုဂ္ဂလိကလူနေအိမ်ခြံမြေ CBRE အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

ဟောင်ကောင်သည် ပျမ်းမျှအိမ်ဈေး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ  ၂,၀၉၁ ဒေါ်လာဖြင့် ကမ္ဘာ့နံပါတ် ၁ ဈေးအကြီးဆုံးနေရာကို ထိန်းသိမ်းထားဆဲဖြစ်သည်။ စင်္ကာပူ၌ ပျမ်းမျှအိမ်ဈေးမှာ ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၁,၀၆၃ ဒေါ်လာ ဖြစ်သည်။

ရှန်ဟိုင်းကလည်း ပျမ်းမျှအိမ်ဈေး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၇၁၄ ဒေါ်လာဖြင့် တတိယဈေးအကြီးဆုံးအိမ်ရာဈေးကွက်ဖြစ်ဆဲဖြစ်သည်။

"ဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ စင်္ကာပူဟာ ပြည့်ဝကျွမ်းကျင်မှုရှိတဲ့ အစွမ်းအစရှိသူတို့ရှိရာနေရာ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူတဲ့နေရာ၊ ပထမတန်းအခြေခံအဆောက်အအုံ၊ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုတို့ကြောင့်လည်း ကျော်ကြားပါတယ်။ စင်္ကာပူဟာ နိုင်ငံပေါင်းစုံကုမ္ပဏီတွေအတွက် သူတို့ရဲ့ဒေသတွင်းဌာနချုပ်ကို တည်ထောင်ဖို့ အရမ်းအဆင်ပြေတဲ့နေရာတစ်ခုဖြစ်လာပါတယ်။" ဟုလည်း အရှေ့တောင်အာရှရှိ CBRE သုတေသနခေါင်းဆောင် ဒက်စ်မွန်ဆင်းမ်က ပြောကြားခဲ့သည်။

စင်္ကာပူရှိ ပျမ်းမျှဈေးနှုန်းမြင့်တက်နှုန်းက ၁ ဒသမ ၁ ရာခိုင်နှုန်း၊  ဟောင်ကောင်ရှိ ပျမ်းမျှဈေးနှုန်းမြင့်တက်နှုန်းက ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်းရှိ ပျမ်းမျှဈေးနှုန်း မြင့်တက်နှုန်းက ၁၁ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

ယင်းထိပ်တန်းမြို့ပြသုံးခုစလုံးက အိမ်ဈေးနှုန်းများအား ထိန်းချုပ်ရန် ဈေးကွက်တည်ငြိမ်စေရေးစီမံချက်များကို အသက်သွင်းထားကြသည်။

၂၀၁၇ ခုနှစ် တတိယသုံးလပတ်ကတည်းက သီတင်းပတ်ငါးပတ်ဆက်တိုက် ဈေးနှုန်းဖွံ့ဖြိုးမှု အားကောင်းခဲ့သည့် စင်္ကာပူတွင် ယမန်နှစ်က ဈေးကွက်တည်ငြိမ်စေရေးစီမံချက်သစ်များစတင်မှုကြောင့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ဈေးနှုန်းမြင့်တက်မှုသည် ဒုတိယမြောက်သုံးလပတ်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်းလည်း ဆင်းမ်က ပြောကြားခဲ့သည်။

"ရောင်းလိုအားများလာပြီး ဝယ်လိုအားလျော့လာတာကြောင့် ဈေးနှုန်းတွေဟာ ယခုနှစ်မှာ ဆက်ငြိမ်နေနိုင်ပါတယ်" ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ဈေးအကြီးဆုံးဈေးကွက် ၁၀ ခုထဲတွင်ပါဝင်သော အခြားအာရှမြို့များမှာ ရှင်းကျန်း (နံပါတ် ၅) နှင့် ပေကျင်း (နံပါတ် ၉) တို့ဖြစ်ကြသည်။ ကျန်မြို့များမှာ ဗန်ကူးဗား (နံပါတ် ၄)၊ လော့စ်အိန်ဂျလိစ် (နံပါတ် ၆)၊ နယူးယော့ (နံပါတ် ၇) နှင့် ပဲရစ် (နံပါတ် ၁၀) တို့ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service