မြို့ပြဆိုင်ရာ MEGA Project လေးခုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ စီမံကိန်း သုံးခုနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့သစ်စီမံကိန်းတစ်ခု စတင်ဆောင်ရွက်လျက်ရှိ

မြို့ပြဆိုင်ရာ MEGA Project လေးခုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ စီမံကိန်း သုံးခုနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့သစ်စီမံကိန်းတစ်ခု စတင်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Apr 2019 10:02 am တွင် တင်ခဲ့သည်
1682 ကြိမ် ကြည့်ရှု့ပြီး

မြို့ပြဆိုင်ရာ MEGA Project လေးခုအဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် စီမံကိန်းသုံးခုနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့သစ်စီမံကိန်း တစ်ခုကို စတင်အကောင်အထည်ဖော် လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် Eco Green City စီမံကိန်းကို Alliance Star Group of Companies နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Smart District အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက် ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“New Mandalay Resort City ကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ ဧရိယာဧက ၇၀၀၀ ခန့်မှာ Clean, Green & Smart မြို့သစ်စီမံကိန်း PPP Program အနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆိုသည်။

အလားတူ လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧကပေါ်တွင် Korea-Myanmar Industrial Complex (KMIC) စီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း Eco Green City စီမံကိန်း၏ ပထမအဆင့် စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်သတ်မှတ် တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Smart District အဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို အကောင်အထည် ဖော်နေခြင်းဖြစ်သည်။

Eco Green City စီမံကိန်းသည် လှည်းကူးမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် သုံးမိုင် တစ်ဖာလုံနှင့် ငါးမိုင် နှစ်ဖာလုံအကြား တည်ရှိသည်။ စီမံကိန်း ဧရိယာသည် ၁၄၅၃ ဧက ကျယ်ဝန်းကြောင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်းပထမအဆင့်ကို ၆၆၇ ဒသမ ၆၈ ဧကခန့်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ၊ လူနေအသင့်အတင့် ထူထပ်သည့် အိမ်ရာများ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ဈေးနှင့် စားသောက်ဆိုင်များ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ Shopping Mall၊ Mixed Use Zone၊ ပန်းခြံနှင့် အားကစားကွင်း၊ လမ်းကွန်ရက်နှင့် အခြေခံ အဆောက်အအုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုး လမ်းမကြီးနံဘေးရှိ မြေဧရိယာ ဧက ၁၀၀၀၀ ခန့်တွင် လူမှုစီးပွားရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသော အပန်းဖြေဝန်ဆောင်မှု ဖြစ်သည့် New Mandalay Resort City စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရက NMRC စီမံကိန်းကို ပြည်ထောင်စုအဆင့် ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် Steering Committee ကို ၂၀၁၇ ခုနှစ် သြဂုတ်တွင် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ Steering Committee အဖွဲ့ဝင်များက စီမံကိန်းဆိုင်ရာ Vision, Process, Concept စသည့်မူဝါဒနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း၊ စနစ်တကျ အကောင်အထည် ဖော်နိုင်ရန်အတွက် EOI ခေါ်ယူရွေးချယ်ခံရသည့် Prefer Bidders Developer သုံးဖွဲ့ပူးပေါင်းစေပြီး Feasibility Study လုပ်ငန်းဆောင်ရွက်ခြင်းကို Surbana Jurong နှင့် Developer သုံးဖွဲ့တိုးဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service