ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည့် FMI ရှယ်ယာများ ဈေးနှုန်းဆက်တိုက်ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး အနိမ့်ဆုံးဈေးနှုန်းအဖြစ် ရှယ်ယာတစ်စု ကျပ် ၈၄၀၀ အထိ ပြုတ်ကျ

ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သည့် FMI ရှယ်ယာများ ဈေးနှုန်းဆက်တိုက်ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး အနိမ့်ဆုံးဈေးနှုန်းအဖြစ် ရှယ်ယာတစ်စု ကျပ် ၈၄၀၀ အထိ ပြုတ်ကျ - Property News in Myanmar from iMyanmarHouse.com
12 Apr 2019 10:49 am တွင် တင်ခဲ့သည်
2081 ကြိမ် ကြည့်ရှု့ပြီး

ရှယ်ယာတစ်စု ကျပ် ၄၁၀၀၀ အထိ မြင့်တက်ခဲ့သည့် FMI ရှယ်ယာများမှာ တစ်စုလျှင် ကျပ် ၉၀၀၀ အောက် ပြုတ်ကျနေသည့်အပြင် လက်ရှိတွင်လည်း ဈေးနှုန်းဆက်တိုက် ကျဆင်းနေပြီး ဧပြီ ၁၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၈၄၀၀ အထိ ကျဆင်းကာ စတော့အိတ်ချိန်း လေးနှစ်သက်တမ်းအတွင်း အနိမ့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ နေ့စဉ်အရောင်းအဝယ် ဖြစ်မှုများအရ သိရသည်။

FMI ၏ ရှယ်ယာဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်အတွင်း ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ရှယ်ယာတစ်စု ကျပ် ၉၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၁၈ ရက်တွင် ကျပ် ၉၆၀၀ သို့ ကျဆင်းပြီး ဇန်နဝါရီ ၂၁ ရက်တွင် ကျပ် ၉၅၀၀ သို့ ဆက်လက်ကျဆင်းလာသည်။ ထို့နောက် ဇန်နဝါရီ ၂၂ ရက်တွင် ကျပ် ၉၄၀၀ မှ ကျပ် ၉၁၀၀ အထိ ကျဆင်းပြီး ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ကျပ် ၉၀၀၀ သို့ ဆက်လက်ကျဆင်းကာ နေ့လယ်ပိုင်းတွင်မူ ရှယ်ယာတစ်စုကျပ် ၈၈၀၀ သို့ အနိမ့်ဆုံး ကျဆင်းလာခြင်းဖြစ်သည်။ ထို့နောက် ကျပ် ၈၈၀၀ ပတ်လည်တွင် ဈေးနှုန်းတည်ငြိမ်နေရာမှ မတ် ၅ ရက်တွင် ကျပ် ၈၇၀၀ သို့ ကျဆင်းခဲ့သည်။ ထို့နောက် မတ် ၆ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၈၅၀၀ သို့ ကျဆင်းကာ ဧပြီ ၁၁ ရက်တွင်မူ ကျပ် ၈၄၀၀ သို့ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။

Bonus Share များ ထုတ်ဝေမှုကြောင့် အစုရှယ်ယာဈေးနှုန်းကျဆင်းမှုနှင့် ရှယ်ယာတစ်စုအပေါ် ဝင်ငွေကျဆင်းမှု ဖြစ်ပေါ်နေသည့် FMI အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြုရန် နာမည်ပြောင်းရန်နှင့် ရှယ်ယာအသစ် ထုတ်ဝေခွင့်ရှိရန် အထူးအစည်းအဝေး ခေါ်ယူမှုကို ကြေညာခဲ့ပြီးနောက် ရှယ်ယာဈေး စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး FMI ၏ ရှယ်ယာဈေးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၀၅၀၀ မှ ဒီဇင်ဘာလကုန်တွင် ကျပ် ၁၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၈၄၀၀ အထိ ကျဆင်းလာသည်။

ဇန်နဝါရီ ၁၂ ရက်အထူးအစည်းအဝေးတွင် FMI ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြုရန်၊ အမည်ပြောင်းရန်နှင့် ရှယ်ယာအသစ် ထုတ်ဝေခွင့်ရှိရန် အထူးအစည်းအဝေးခေါ်ယူမှုကို အစုရှယ်ယာရှင်များက အတည်ပြုပေးပြီးနောက် ရှယ်ယာဈေး ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ပြီး လက်ရှိတွင် FMI AIR ၏ ရှယ်ယာများ ရောင်းချမှုနှင့်အတူ ရှယ်ယာတစ်စုဝင်ငွေ ကျဆင်းမှုနှင့် အမြတ်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service