စုပေါင်းပိုင်အဆောက်အအုံ ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်မည်ဆိုလျှင် သိထားသင့်သည့်အချက်များ

စုပေါင်းပိုင်အဆောက်အအုံ ဖြိုဖျက်ပြီး အသစ်ပြန်လည်ဆောက်လုပ်မည်ဆိုလျှင် သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
12 Apr 2019 10:40 am တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

၁။စုပေါင်းပိုင်အဆောက်အအုံတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို မိမိတို့၏ ဆန္ဒအလျောက် ဖြိုဖျက်ပြီး အသစ်ပြန်လည် ဆောက်လုပ်လိုလျှင် အသင်း၏ အသင်းသား စုံညီအစည်းအဝေး သို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေး တွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။

(၁)အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၈ အရ ချမှတ်သော သဘောတူဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာသတ်မှတ်ချက်များနှင့် အညီသက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့ တင်ပြရမည်။

(၂)သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် တင်ပြချက်ကို စိစစ်ပြီးလိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်း နှင့် ညှိနှိုင်း၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(၃)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အတည်ပြုချက်ရရှိပါက သက်ဆိုင်သူများ သိရှိနိုင်ရန် သတင်းစာတွင်ကြေညာရမည်။

၂။(က)အမှုဆောင် အဖွဲ့သည်သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုသည့် နေ့မှ ရက်ပေါင်း ၃ဝအတွင်း ယင်းအတည်ပြုချက်မိတ္တူနှင့် အသင်းသား စုံညီအစည်းအဝေးသို့မဟုတ် အသင်းသားစုံညီ အထူးအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် မိတ္တူတို့ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။

(ခ)မှတ်ပုံတင် အရာရှိသည် သက်ဆိုင်ရာ မှတ်ပုံတင် စာအုပ်တွင် လိုအပ်သော ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ်ပယ်ဖျက်ခြင်း ပြုလုပ်ရမည်။

၃။(က)အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ၏ အတည်ပြုချက်နှင့် အညီ စုပေါင်းပိုင်း အဆောက်အအုံ ကို အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း၊စုပေါင်းပိုင် အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ ဖြိုဖျက်ပြီး မူလပုံစံအတိုင်း အသစ်ပြန်လည် ဆောက်လုပ်ရာတွင်လည်းကောင်း ယင်းစုပေါင်းပိုင် မြေနှင့်စုပေါင်းပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် ပျက်ကွက်သူများ၏ စာရင်းကို ဦးစီးဌာနသို့တင်ပြရမည်။

(ခ)ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ တင်ပြချက်နှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို ရယူဖယ်ရှားနိုင်သည်။

၎။(က)စုပေါင်းပိုင်အဆောက်အအုံသည် ဘေးအန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သက်ဆိုင်ရာက သတ်မှတ်လာလျှင် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖြိုဖျက်ရမည်။

(ခ)ထိုသို့ဖြိုဖျက် ခဲ့သည့် စုပေါင်းပိုင်မြေအပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခြင်း သို့မဟုတ် အခြားနည်း အသုံးပြုခြင်းများကို သတ်မှတ်သည့် နည်းလမ်းများ နှင့် အညီဆောင်ရွက်ရမည်ဖြစ်သည်။

Credit:  Law

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...

ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service