ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကျဆင်းနေသော ပြည်တွင်းရွှေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲနီးပါးခန့်အထိပြန်လည်မြင့်တက်ကြောင်း ရန်ကုန်မြို့တော်၏ အဓိကရွှေဈေးကွက်ဖြစ်သော ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှုန်းများပြန်လည်မြင့်တက်ခြင်းကြောင့် လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည် ဧပြီပထမပတ်အတွင်းကထက် တစ်အောင်လျှင် အမေရိကန်ဒေါ်လာ ၁၅ ခန့် မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးပေါ်မူတည်၍ အပြောင်းအလဲဖြစ်ပေါ်နိုင်ပြီး လက်ရှိအခြေအနေအရ ဆက်လက် မြင့်တကနိုင်ခြေများပြားကြောင်း၊ လက်ရှိရွှေဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်ပေါ်ကြောင်း ရန်ကုန်မြို့တော်အတွင်းရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။
ပြည်တွင်းရွှေဈေးသည် ဧပြီလ ပထမပတ်အတွင်းက ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၄၁,၀၀၀ အထိကျဆင်းခဲ့သော်လည်း ယခုအခါ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၅၅,၈၀၀ သို့လည်းကောင်း၊ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ဧပြီလပထမပတ်အတွင်းက အမေရိကန်ဒေါ်လာ ၁၂၉၁ အထိကျဆင်း ခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ၁၃၀၆ သို့ ပြန်လည်မြင့်တက်ကြောင်း ရွှေဘုံသာ ရွှေဈေးကွက်အတွင်းမှ သိရသည်။
Credit: The Voice