သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးဘေးလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုကို ကန့်သတ်ထားပြီး ရွေ့လျားဈေးရောင်းချသူများအား စည်ပင်မှ စနစ်တကျ ခွင့်ပြုချထားပေးမည်

သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးဘေးလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုကို ကန့်သတ်ထားပြီး ရွေ့လျားဈေးရောင်းချသူများအား စည်ပင်မှ စနစ်တကျ ခွင့်ပြုချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
12 Apr 2019 9:51 am တွင် တင်ခဲ့သည်
2501 ကြိမ် ကြည့်ရှု့ပြီး

သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးလေးပတ်လည်ရှိ အဓိကလမ်းမကြီးများတွင် ရွေ့လျားဈေးရောင်းချမှုအား ကန့်သတ်ထားပြီး ကန့်သတ်ဧရိယာပြင်ပ ရောင်းချလိုသူများအနေဖြင့် စည်ပင်သာယာရေးကော်မတီမှ စနစ်တကျ ခွင့်ပြုချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလအတွင်း ကျုံးမြောက်ဘက် ၁၂ လမ်း၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ကျုံးတောင်ဘက် ၂၆ လမ်း၊ ကျုံးအနောက်ဘက်လမ်း ၈၀ စသည့် အဓိကလမ်းမကြီးများ၊ ၆၅ လမ်း နှင့် ၆၆ လမ်းကြားရှိ ၁၄ လမ်းမှ ၂၆ လမ်းအထိ လမ်းများ၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ၆၆ လမ်းမှ ၇၈ လမ်းအထိ လမ်းများ၊ ၂၇ လမ်းတစ်လျှောက် ၆၆ လမ်းနှင့် ၇၈ လမ်းကြား စသည့် လမ်းများတွင် ဈေးရောင်းချခြင်းမပြုရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။

သတ်မှတ်ဧရိယာပြင်ပတွင် ဈေးရောင်းချလိုသူများအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပြီး ရောင်းချသည့် ဈေးသည်များသည် ရွေ့လျားစနစ်ဖြင့် ရောင်းချရမည်ဖြစ်ရာ ငါးပေအကျယ်ရှိသည့် ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် ၁၀၀၀၀၊ ရှစ်ပေအကျယ်ရှိသည့် ဆိုင်ခန်း တစ်ခန်းကို ငွေကျပ် ၁၅၀၀၀၊ ရှစ်ပေနှင့် အထက် ဆိုင်ခန်းများကို ငွေကျပ် ၂၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

“သင်္ကြန်မှာ ခေါင်းရွက်ဗျပ်ထိုးနဲ့ ရောင်းတဲ့ ဈေးသည်ရှိသလို တွန်းလှည်းနဲ့ရောင်းတဲ့ ဈေးသည်တွေလည်းရှိပါတယ်။ အဲဒီဈေးသည်တွေကို လိုင်စင်လုပ်ပေးမှာဖြစ်ပါတယ်၊ ဘာလိုလိုင်စင်လုပ်ပေးရလဲဆိုရင် စည်းကမ်းသတ်မှတ်ချက်လေးတွေကို သိစေချင်လို့ပါ၊ တစ်နေရာတည်းမှာ စုပြုံပြီး များနေမယ့်အစား ဥပမာ တစ်ပြအတွင်းမှာ ၁၀ ဆိုင်ပဲ ဖွင့်ခွင့်ပေးမယ်ဆိုရင် ၁၀ ဆိုင်ပဲ လိုင်စင်ပေးမှာဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

ရောင်းချလိုသူများအနေဖြင့် လိုင်စင်လျှောက်ထားရမည်ဖြစ်ကာ ဈေးရောင်းချခွင့် လည်ဆွဲကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်သည်။ ရောင်းချခွင့်ရရှိသော ဈေးသည်များအနေဖြင့် စာရွက်စာတမ်းကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများအား လိုက်နာ၍ သတ်မှတ်နေရာတွင်သာ ဈေးရောင်းချရမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ကျုံးအရှေ့ဘက်နှင့် ကျုံးတောင်ဘက်ခြမ်းများတွင် ကျင်းပသွားမည်ဖြစ်ကာ လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း၌ စားသောက်ဖွယ်ရာများ ရောင်းချမည့် တောသင်္ကြန်နေ့ဈေး၊ ညဈေး ဈေးတန်းထည့်သွင်းထားကာ ယင်းဈေးတန်းတွင် ဒေသထွက် အစားအစာများနှင့် မြန်မာ့ရိုးရာ အစားအစာ ရောင်းချသည့် ဆိုင်ခန်းများရှိမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service