ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 12:43 pm တွင် တင်ခဲ့သည်
1603 ကြိမ် ကြည့်ရှု့ပြီး

ကန်ထရိုက်တိုက်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရန် Apartment Law ကို ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကိုလည်း အဆိုဥပဒေဘောင်အတွင်း တည်ဆောက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဧပြီ ၆ ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်းလိုင်စင်ပေး အပ်ပွဲအခမ်းအနားတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကန်ထရိုက်တွေက ဆောက်ထားတဲ့ အိမ်တွေကိုလည်း စနစ်တကျပြုပြင်ထိန်း သိမ်းစောင့်ရှောက်ပြီးတော့ တည်ထောင်တဲ့ သူတွေကိုလည်း စနစ်တကျဆောင်ရွက်သွားနိုင်ဖို့အတွက် Apartment Law တစ်ခုလည်း လိုအပ်ပါတယ်။ နောင်မကြာခင်မှာ ကျွန်တော်တို့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေ ထပ်မံတည်ဆောက်မယ်ဆိုလို့ရှိရင် ဒီအိမ်ရာတွေကို Apartment Law ထဲကနေတစ်ဆင့် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် အဆင့်မြင့်တိုက်ခန်းများကို စနစ်တကျတည်ဆောက်နိုင်ရန်အတွက် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေထွက်ရှိလာပြီ ဖြစ်သည်။ အဆင့်မြင့် တိုက်ခန်းများနည်းတူ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ထိန်းသိမ်းနိုင်မည့်ဥပဒေ တစ်ခုလိုအပ်နေကြာင်း သိရသည်။

“အခုကွန်ဒိုမီနီယံဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ) လိုပဲ Apartment Law ကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ ဒီဥပဒေတွေပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေပေါ်ထွန်းလာမယ်ဆိုရင် လက်ရှိအဆောက်အအုံဟောင်းတွေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက် ဒီအိမ်ရာမှာနေထိုင်တဲ့ သူတွေကိုလည်း စုစည်းပေးနိုင်တဲ့ အခြေအနေတစ်ခု ရှိလာမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းအများစုသည် ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ခဲ့သဖြင့် တစ်ဦးတစ်ယောက်ချင်းသာ အခန်းပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနေအိမ်များမှာ စတင်တည်ဆောက်စဉ်က ဆေးသုတ်ပြီး အချိန်ကစတင်ကာ ထပ်မံပြုပြင်ထိန်းသိမ်းရာတွင် အခက်အခဲများရှိကာ တစ်ပြေးညီတူညီမှုမရှိကြောင်း သိရသည်။

“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ တော်တော်များဟာ တစ်ဦးတစ်ယောက်ချင်းဆီက အခန်းတစ်ခန်းစီပဲ ပိုင်နေကြတာဖြစ်တယ်။ ဒါကြောင့်မို့ အဆောက်အအုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အအုံတွေဟာ စတင်တည်ထောင်ပြီး ဆေးတစ်ခါသုတ်ပြီး နောက်ထက်ဆေးထပ်သုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ကိုယ့်အခန်းကိုယ် သုတ်တဲ့အတွက်လည်း အရောင်တွေဟာ မျိုးစုံဖြစ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ပြုပြင်တည်ဆောက်နေကျရတဲ့ အခြေအနေမျိုးရှိပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားသားများ ဝယ်ယူနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သူ လုပ်ငန်းလိုင်စင်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ခု အား စတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service