ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးက ဟာဝိုင်အီရှိ နေအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးက ဟာဝိုင်အီရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 11:52 am တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်သော ဟာဝိုင်အီတွင် အရပ်မျက်နှာတိုင်း၌ သမုဒ္ဒရာမြင်ကွင်းအလှများ ပိုင်ဆိုင်ထားပြီး ပင်လယ်လှိုင်း ရိုက်ခတ်သံတို့၏ ညှို့ယူဖမ်းစားမှုများ ရှိရာ နေအိမ်သည် လာရီ လိုက်ထ်၏ အပန်းဖြေရိပ်မြုံတစ်ခု ဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မစ္စတာလိုက်ထ်သည် အသက် ၁၈ နှစ်အရွယ်ကတည်းကပင် သူ၏ ဇာတိမြို့ လော့စ်အိန်ဂျလိမှ ဟာဝိုင်အီကျွန်းသို့ ပထမဆုံး စတင်ရောက်ဖူးခဲ့သည်။

လာရီလိုက်ထ်သည် ကမ္ဘာကျော်မျက်မှန် အမှတ်တံဆိပ် Oliver Peoples ကို ထုတ်လုပ်သည့်သူဌေးကြီးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် Oakley ကုမ္ပဏီသို့ ရောင်းချခဲ့သည်။

ယင်းသို့ ရောင်းချပြီးနောက်ပိုင်း အိပ်ခန်း ၃ ခန်းပါ နေအိမ်ကို ဟာဝိုင်အီတွင် ဝယ်ယူခဲ့၏။

အဆိုပါနေအိမ်ကို ဝယ်ယူပြီး ၁၀ နှစ်အကြာ ယခုအခါ မစ္စတာလိုက်ထ်သည် အသက် ၆၀ ပြည့်လွန် နှောင်းပိုင်းကာလများသို့ ရောက်လာပြီး ဟာဝိုင်အီသို့လည်း စိတ်ရှိသလောက် မလည်ပတ်နိုင်တော့ရာ နေအိမ်ကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာရခြင်း ဖြစ်သည်။

သို့နှင့် ပြီးခဲ့သော မတ်လကုန်ပိုင်းတွင် Elite Pacific Properties ကုမ္ပဏီမှတဆင့် ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

မစ္စတာလိုက်ထ်က ပြောကြားရာတွင် သူ၏မျက်လုံးထဲ၌ သူ၏နေအိမ်သည် ယခုခေါ်ဈေးထက် အဆပေါင်းများစွာ ပိုမိုထိုက်တန်သည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။

ရောင်းချမည့်နေအိမ်တည်နေရာမှာ ဟာဝိုင်အီကျွန်းစုမှ ကျွန်းတစ်ခုဖြစ်သော Kaua’I ကျွန်းပေါ်တွင် တည်ရှိသည်။

Kaua’I ကျွန်းကို ပန်းဥယျာဉ်ကျွန်းဟုလည်း အမည်ပြောင်ပေးထားပြီး ကျွန်းပေါ်တွင် အပူပိုင်းမုတ်သုန်မိုးသစ်တောများ ထူထပ်စွာ ပေါက်ရောက်နေခြင်းကြောင့်ဖြစ်ကာ ဟောလိဝုဒ်ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့သည့်နေရာလည်း ဖြစ်သည်။

Kaua’I ကျွန်းသည် လော့စ်အိန်ဂျလိမြို့၏ အနောက်ဘက် မြောက်ပစိဖိတ်သမုဒ္ဒရာအလည်တွင် တည်ရှိပြီး လော့စ်အိန်ဂျလိနှင့် မိုင်ပေါင်း ၂၆၀၀ ကျော် ဝေးကွာသည်။

Kaua’I ကျွန်းသည် ကမ္ဘာပေါ်တွင် ရေလွှာလှိုင်းစီးရန် အကောင်းမွန်ဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူသားတို့ မပြုပြင်မွမ်းမံရသေးသည့် သဘာဝအလှတရားများစွာ ပေါကြွယ်ဝသည်။

မစ္စတာလိုက်၏ နေအိမ်ခြံဝန်းမှာ တစ်ဧက၏ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းပြီး အမျိုးသား မုတ်သုန်ရုက္ခဗေဒဥယျာဉ်မှာ ဘေးနှစ်ဘက်တွင် တည်ရှိပြီး အရှေ့ဘက်တွင်မူ ကျယ်ဝန်းသော ဂေါက်ကွင်းတစ်ခု တည်ရှိသည်။

မစ္စတာလိုက်ထ်သည် ၎င်းမနေထိုင်သည့်ကာလများတွင် အပန်းဖြေသူများအား အငှားချထားလေ့ရှိသည်။

၎င်းနေထိုင်မည့် ကာလများအတွက် ကြိုတင်၍ ငှားရမ်းမှု ဖယ်ထားရလေ့ရှိသည်။

သီးသန့် နေစာလှုံရန် သင့်လျော်သည့် ကျောက်ဆန်သော ကမ်းခြေနေရာ ပါဝင်ပြီး နေအိမ်ရှေ့တံခါးမှ လမ်းလျှောက်ထွက်ကာ ကမ်းခြေတွင် ရေကူးနိုင်သည်။

နေအိမ်ခြံဝန်းအတွင်းတွင်ပင် ရေကူးကန်နှင့် spa ၊ ပစိဖိတ်သမုဒ္ဒရာ၏ လှပသောမြင်ကွင်းကျယ်များ တွေ့မြင်နိုင်သည့် ဝရန်တာများစွာလည်း ပါဝင်သည်။

မစ္စတာလိုက်ထ်သည် မကြာသေးမီကပင် တန်ဖိုးကြီးမျက်မှန် ထုတ်ကုန်တစ်ခုလည်း စတင်ထုတ်လုပ်နေပြီး Mr. Leight ဟု အမည်ပေးထားသည်။

မစ္စတာလိုက်ထ်သည် အဆိုပါကျွန်းတွင် သားဖြစ်သူ ဂါရက်ထ်နှင့်အတူ အနားယူအပန်းဖြေကာ လုပ်ငန်းများအပေါ် ပြန်လည်အာရုံစိုက်လေ့ရှိသည်။

လော့စ်အိန်ဂျလိရှိ သူ၏နေအိမ်မှာမူ ဆူညံသံများ ၊ စိတ်ပျံ့လွင့်ဖွယ်ရာများ များပြားလှသည်။

“ကျွန်တော်ဟာ နာရီပေါင်းများစွာ ထိုင်နေပြီး လှိုင်းလုံးတွေရဲ့ အသံကို ထိုင်နားထောင်နေလေ့ရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေဖမ်းဆုပ်နိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေ အားကောင်းလာစေပါတယ်။”ဟု မစ္စတာလိုက်ထ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service