မြို့တွင်း ခြောက်မြို့နယ်တွင် ပြန်လည်ဖော်ဆောင်မည့် Smart Parking

မြို့တွင်း ခြောက်မြို့နယ်တွင် ပြန်လည်ဖော်ဆောင်မည့် Smart Parking - Property News in Myanmar from iMyanmarHouse.com
11 Apr 2019 11:39 am တွင် တင်ခဲ့သည်
1307 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ယာဉ်များရပ်နားရန်Smart Parking လုပ်ငန်းအတွက် စိတ်ပါဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာ (EOI) ကို ဧပြီ ၂၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထား တင်သွင်းနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

Smart Parking ဆောင်ရွက်မည့် နေရာများမှာ မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့ နယ်များက လမ်းမများတွင် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါမြို့နယ် ခြောက်မြို့နယ်ရှိ လမ်းမကြီးများတွင် ယာဉ်ရပ်နားမည် ဆိုပါက ယာဉ်ရပ်နားခများကို တစ်နာရီလျှင် ကျပ် ၂၀ဝ နှုန်းဖြင့် ကောက်ခံမည်ဖြစ်သည်။

EOI အဆိုပြုလွှာများကို ယခုလ ၂ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး နောက်ကျတင်သွင်းသော EOI အဆိုပြုလွှာများကို လက်ခံမည်မဟုတ်ပေ။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အမည်တပ်လမ်းများနှင့် လမ်းမကြီးများတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ လမှစ၍ ယာဉ်ရပ်နားခများ ကောက်ခံရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တင်ဒါများခေါ်ယူခဲ့သည်။ ယာဉ်ရပ်နားခကောက်ခံရန် ဇုန် ရှစ်ဇုန်အတွက် တင်ဒါခေါ်ယူခဲ့ရာ ဇုန် ငါးဇုန်သာ တင်ဒါအောင်မြင်ခဲ့ပြီး ကျန် သုံးဇုန်မှာ တင်ဒါအောင်မြင်မှုမရှိခဲ့ပေ။

အောင်မြင်ခဲ့သည့် ဇုန် ငါးဇုန်အနက် နှစ်ဇုန်မှာ အကြောင်းအမျိုးမျိုးကြောင့် တင်ဒါပြန်လည်အပ်နှံခဲ့သည်။ စုစုပေါင်းဇုန် ငါးဇုန်အတွက် အောက်တိုဘာလတွင် တင်ဒါပြန်လည်ခေါ်ယူခဲ့သော်လည်း အောင်မြင်သူ မရှိခဲ့သောကြောင့် ယာဉ်ရပ်နားခ ကောက်ခံမည့်အစီအစဉ် ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင် ဒေါ်မေမေသွယ်က ပြောသည်။

ကားစီးရေနည်းပါးသေးသည့်အတွက် ၂၀၁၂ ခုနှစ် မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယာဉ်ရပ်နားခကောက်ခံခြင်းများကို ရပ်နားခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ကားစီးရေ များပြားလာ ခြင်း၊ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာသဖြင့် ယာဉ်များစည်းကမ်းတကျ ရပ်နားစေရန် ကားပါကင်ကြေးများကို စနစ်တကျ ပြန်လည်ကောက်ခံရန် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ဒေါ်မေမေသွယ်က ဆိုသည်။

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက ကားပါကင်ကြေးကောက်ခံသည်ကို မဖြစ်သင့် ကြောင်း ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည့်အတွက် ဆက်လက်ကောက်ခံခြင်းမပြုတော့သော်လည်း ရန်ကုန် ဘူတာကြီးရှေ့၊ ဆာကူရာတာဝါနှင့် အခြားနေရာများတွင် ပုဂ္ဂလိအဖွဲ့အစည်းအချို့က ကားပါကင်ကြေး ဆက်လက် ကောက်ခံမှုများလည်းရှိခဲ့သည်။

လက်ရှိတွင် အဆင့်မြင့်ရှော့ပင်းစင်တာများ၊ ကား ပါကင် တည်ဆောက်ထားသည့် အခြားနေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ယာဉ်ရပ်နားခ ကောက်ခံခွင့် ပေးထားပြီး ရန်ကုန်မြို့တွင်းမြို့နယ်များနှင့် အခြားနေရာ များတွင် ယာဉ်ရပ်နားခကောက်ခံမှု ရပ်ဆိုင်းထားသည် မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service