ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
စားပွဲခုံတွေ၊ ဆိုဖာတွေလို ပရိဘောဂတွေကို customers တွေအား ၀ယ်ယူစေခြင်းထက် ငှားရမ်းအသုံးပြုခွင့်ပေးမယ့် စမ်းသပ်မှုတွေကို ဈေးကွက် ၃၀ လောက်မှာ တိုးချဲ့စမ်းသပ်ဖို့ နာမည်ကျော် ပရိဘောဂထုတ်ကုမ္ပဏီ IKEA က စီစဉ်နေလျက် ရှိပါတယ်။
လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာနေခြင်းကို ပြန်လည်တုန့်ပြန်နိုင်အောင် ရည်ရွယ်ပြီး တန်ဖိုးနည်းတစ်ခါသုံး ပရိဘောဂပစ္စည်းတွေရောင်း
ယင်းရဲ့ ပရိဘောဂတွေ ငှားရမ်းခြင်း အစီအစဉ်တွေအကြောင်းကို ကမ္ဘာ့အကြီးဆုံး ပရိဘောဂကုမ္ပဏီလုပ်ငန်းစုကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပထမဆုံး ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။
ယခုအခါ ဧပြီ ၃ ရက်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ရပ်မှာပဲ ယင်းအစီအစဉ်တွေကို ထပ်မံထုတ်ဖော်လာခဲ့တာဖြစ်ပါတယ်။
ထုတ်ကုန်တွေကို recycle မလုပ်ခင် တတ်နိုင်သမျှ အကြိမ်အများဆုံး ပြန်လည်အသုံးပြုစေအောင် အားပေးနိုင်ဖို့အတွက် subscription အခြေခံတဲ့ ငှားရမ်းမှုတွေ ဖော်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့လည်း IKEA က ပြောပါတယ်။
မတူညီတဲ့ ပရိဘောဂပစ္စည်း ငှားရမ်းမှု ပရောဂျက်တွေကို နယ်သာလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ပိုလန်တို့မှာ စတင် စမ်းသပ်ထားနှင့်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ယခုအခါ လာမယ့်နှစ်ကစလို့ ယင်းရဲ့ ဈေးကွက် ၃၀ စလုံးမှာ ယင်းစမ်းသပ်မှုတွေကို တိုးချဲ့သွားတော့မှာ ဖြစ်ပါတယ်။
Credit: CNA