ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား မြစ်တစ်စင်းပေါ်တွင် ဆောက်လုပ်ထားသည့် တံတားသစ်တစ်စင်းဖွင့်လှစ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေစဉ် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာလျက် ရှိသည်။
အဆိုပါတံတားသည် မြောက်ကိုရီး ယားမြောက်ပိုင်းမြို့ မန်ဖိုနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျန်းလင်ပြည်နယ်ရှိ ဂျီယန်မြို့တို့ကို ဆက်သွယ်ပေးထားသည့် တံတားဖြစ်သည်။ အဆိုပါတံတားကို ဧပြီ ၈ ရက်က ဖွင့်လှစ်ပေးခဲ့သည်။
တံတားတည်ဆောက်ရေးလုပ်ငန်းမှာ ၂၀၁၁ ခုနှစ်တွင် စတင်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံစလုံးကို ဆက်သွယ်ပေးနိုင်ခဲ့သည်။
သို့သော် မြောက်ကိုရီးယားဘက်မှ ၁ နျူကလီးယား ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားခဲ့ပြီး တံတားကို တရားဝင်ဖွင့်လှစ်ရန် နှောင့်နှေးခဲ့ရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် လွန်ခဲ့သော ၁၃ လအတွင်း တရုတ်နိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်လာပြီးနောက် ဧပြီ ၈ ရက်က တံတားဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တံတားဖွင့်ပွဲ ပြုလုပ်ပြီးနောက်း မြောက်ကိုရီးယားသည် တရုတ်နိုင်ငံနှင့် )ကုန်သွယ်ရေးကိုတိုးချဲ့ပြုလုပ် လိုပြီးခရီးသွားများကို ဆွဲဆောင်ကာ နိုင်ငံခြားငွေရှာဖွေလိုသည်။ တရုတ်နိုင်ငံဘက်ကလည်း ပိတ်ဆို့ထားမှုများမှ လွတ်မြောက်ရာလမ်းစပေးသည်ဟူသော အပြည်ပြည် ဆိုင်ရာမှ ဝေဖန်ချက်ကို ရှောင်ရှားနေစဉ် တံတားဖွင့်လှစ် လိုက်ခြင်းအားဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေလိုသည်။
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးထားသည့် နယ်စပ်ဖြတ်ကျော် တံတားတစ်စင်းလည်း မူလကတည်းက ရှိနှင့်ပြီးဖြစ်ရာ အဆိုပါ တံတားသည်မြောက်ကိုရီးယား အနောက်မြောက်ပိုင်းမြို့စင်နွိုင်ဂျူနှင့် တရုတ်နိုင်ငံ ဒန်ဒေါင်းမြို့တို့ကို ဆက်သွယ်ထားသည်။
အဆိုပါတံတားသည် တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။
Credit: Myanma Alinn