သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဝင်ငွေနည်းပါးသည့် မိသားစုများကို နေအိမ်သစ် ၆၀၀ ပေးအပ်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဝင်ငွေနည်းပါးသည့် မိသားစုများကို နေအိမ်သစ် ၆၀၀ ပေးအပ် - Property News in Myanmar from iMyanmarHouse.com
10 Apr 2019 12:00 pm တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုခရိုင်တွင် ဝင်ငွေနည်းပါးသည့် မိသားစုများအား သီရိလင်္ကာ၊ Megapolis and Western Development ဝန်ကြီးဌာနက နေအိမ်သစ် ၆၀၀ ပေးအပ်ခဲ့ကြောင်း ကိုလံဘိုအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်များ ပေးအပ်ပွဲအခမ်းအနားကို ကိုလံဘိုမြို့၊ ဒီမာတာဂိုဒါအရပ်၊ မီဟိန္ဒု ဆန်ပူရ အိမ်ရာဝန်းအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီး ပါတာလီ ချမ်ပီကာ ရာနာဝါကာ တက်ရောက်ခဲ့သည်။

ကိုလံဘိုခရိုင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်ရေးအတွက် နေအိမ်များ ဆုံးရှုံးခဲ့ရသည့် မိသားစုများကို ဝန်ကြီးဌာနက နေအိမ်များ ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဝန်ကြီး ရာနာဝါကာက ပြောကြားခဲ့ရာ၌ ယခုနှစ်အကုန်တွင် ကိုလံဘိုမြို့ရှိ ဝင်ငွေနည်းပါးသော မိသားစုများအတွက် နေအိမ်ပေါင်း ၁၅၀၀၀ ခန့်အထိ ပေးအပ်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။

“နေအိမ်ပေါင်း ၅၅၀၀ လုံး ထပ်မံဆောက်လုပ်ဖို့အတွက် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (AIIB) နဲ့လည်း ဒီလအတွင်းမှာ သဘောတူညီချက် ရခဲ့ပြီးပါပြီ။ ၂၀၂၃ ခုနှစ်ကိုရောက်ရင် ကိုလံဘိုမှာ နေအိမ်သစ်ပေါင်း ၄၀၀၀၀ ဆောက်လုပ်ပြီးစီးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကိုလံဘိုဟာ တဲစုတ်တွေမရှိတဲ့ မြို့ကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ရာနာဝါကာက ပြောကြားသည်။

“နေအိမ်တွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပေးဝေသွားမှာ မဟုတ်ပါဘူး။ တဲစုတ်တွေမှာ နေရသူတွေ၊ နေအိမ်အတည်တကျမရှိသူတွေဆိုရင် ဘယ်ပါတီကပဲဖြစ်ဖြစ် ကျွန်တော်တို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service