ရှန်ဟိုင်းရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဘီလီယံကျော်ဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီးက အကျိုးဆောင်ပြုလုပ်ပေးခဲ့

ရှန်ဟိုင်းရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဘီလီယံကျော်ဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီးက အကျိုးဆောင်ပြုလုပ်ပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
10 Apr 2019 11:31 am တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဒသမ ၆ ဘီလီယံဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီး၏ Capital Markets ဌာနက အကျိုးဆောင်ပြုလုပ်ပေးခဲ့ကြောင်း CBRE က ထုတ်ပြန်သည်ဟု တရုတ်ပြည်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Yi Fang တာဝါသည် မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး Grade A အဆင့်ရှိ ရုံးခန်းများနှင့် လက်လီအရောင်းနေရာများ တွဲဖက်ပါဝင်သည့် ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်ကာ ရှန်ဟိုင်းမြို့၊ ဟိုခုန်းခရိုင် (Hongkou district) တွင် တည်ရှိသည်။

အကျယ်အဝန်း စတုရန်းမီတာ ၇၄၄၀၀ ရှိပြီး ရောင်းချသူမှာ တရုတ်အိမ်ခြံမြေ developer ဖြစ်သော Dalian Yi Fang Group မှ ဖြစ်ကာ ယခုနှစ်အတွင်း ရှန်ဟိုင်းတွင် အကြီးမားဆုံးအိမ်ခြံမြေအရောင်းအဝယ်တစ်ခုဖြစ်လာသည်။

ရှန်ဟိုင်းမြို့၊ North Bund အရပ်တွင် တည်ရှိပြီး ၁၈ ထပ်မြင့်မားသည့် ရုံးအဆောက်အအုံ တာဝါ ၂ ခုတွင် ရုံးခန်းနေရာအတွက် စတုရန်းမီတာ ၄၇၅၀၀ အကျယ်အဝန်းပါဝင်ပြီး လက်လီအရောင်းဆိုင်များအတွက် ၂၆၉၀၀ စတုရန်းမီတာ ပါဝင်သည်။

၂၀၂၀ ပြည့်နှစ်တွင် Beiheng Tunnel ဆောက်လုပ်ပြီးစီးပါက Yi Fang တာဝါသို့ ၅ မိနစ် ကားမောင်းသွားရုံနှင့် ရောက်ရှိနိုင်မည်ဖြစ်ပြီး ရှန်ဟိုင်းမြို့ အခြားဒေသများနှင့်လည်း ဆက်သွယ်ရေးများစွာကောင်းမွန်လာမည် ဖြစ်သည်။

ရှန်ဟိုင်းမြို့၊ ဟိုခုန်းခရိုင်သည် သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည့်အရပ်အဖြစ် နာမည်ကျော်ပြီး ရှန်ဟိုင်း၏ မြို့ပြဖွံ့ဖြိုးမှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။

ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းကြီးများစွာ အကောင်အထည်ဖော်နေသော ဟိုခုန်းခရိုင်သည် လျင်မြန်စွာ ပြန်လည်ဆန်းသစ်လာနေ လျက် ရှိသည်။

ယခုစီမံကိန်း တည်ရှိသည့်နေရာဖြစ်သော ဟိုခုန်းခရိုင်၏ တောင်ဘက် North Bund ဒေသသည် လက်ရှိအားဖြင့် ဘဏ္ဍာရေးနှင့် သင်္ဘောလုပ်ငန်းဗဟိုချက်နေရာအဖြစ် ပြောင်းလဲနေသော နေရာလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service