ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဘဏ်လုပ်ငန်း၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် ကနေဒါစီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စား နေကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်တာဝန်ရှိသူအချို့ က ပြောသည်။
ပညာရေးကဏ္ဍတွင်လည်း နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက် လိုသည်များ ရှိနေသည်ဟု အ သင်းချုပ်ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောသည်။
ကနေဒါကုန်သွယ်ရေးအဖွဲ့ သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုတိုးမြှင့်ရန်၊ ကုန်သွယ်မှု မြှင့်တင်ရန်တို့ကို ဆောင်ရွက်ရန် ဧပြီ ၁ ရက်က အသင်းချုပ်သို့ လာရောက်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ပညာ ရေးကဏ္ဍတွင် ကနေဒါသင်ရိုး ညွှန်းတမ်းကို အခြေခံသည့် အင်္ဂ လိပ်၊ ပြင်သစ်ဘာသာသင် အခြေ ခံကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကနေဒါနိုင်ငံ၌ မြန်မာကျောင်း သားများ ဗီဇာနှင့် နေထိုင်ခွင့်ကိစ္စ များ ကူညီပေးရေး၊ ဘဏ်လုပ် ငန်း၊ စွမ်းအင်လုပ်ငန်းနှင့်ဆောက် လုပ်ရေးလုပ်ငန်းတို့တွင်လည်း အတူပူးပေါင်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းဆိုင်ရာများ ဆွေး နွေးခဲ့သည်ဟု မြန်မာနိုင်ငံကုန် သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်သည်။
ထို့အပြင် ကနေဒါ-မြန်မာ စီးပွားရေးကောင်စီကိုလည်း လာ မည့် ဇွန်လတွင် ကနေဒါနိုင်ငံ၌ ဖွဲ့စည်းရန် စီစဉ်နေသည်ကို မြန် မာနိုင်ငံသို့ ရောက်ရှိနေသည့်ကုန် သွယ်ရေးအဖွဲ့တွင် ပါဝင်သူများ က ပြောကြားကြောင်း သတင်းထုတ် ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ကနေဒါနိုင်ငံ မပါဝင်သော်လည်း ကုန်သွယ်ရေး တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၁၃ သန်းကျော် ရှိ သည်။
ကနေဒါနိုင်ငံမှ စားတော်ပဲ ကဲ့သို့သော ပဲများအပါအဝင် သွင်းကုန်ပမာဏ ဒေါ်လာ ၄၈ သန်း ရှိနေပြီး ပို့ကုန်ပမာဏ ၆၅ သန်း ကျော် တန်ဖိုးရှိ၍ မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေရသည့် အခြေ အနေ၌ ရှိသည်။
Credit: 7Daydaily