ရန်ကုန် တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက် ကျဆင်းမှုများ ပေါ်ပေါက်

ရန်ကုန် တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက် ကျဆင်းမှုများ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
9 Apr 2019 2:31 pm တွင် တင်ခဲ့သည်
1245 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေဈေးကစားသူတို့၏ စိတ်ဝင်စားမှု လျော့ပါးလာနေခြင်းကြောင့် တန်ဖိုးကြီးအိမ်ခြံမြေဈေးကွက်ကျဆင်းမှုများ ဖြစ်ပေါ်လာနေကြောင်း၊ developer တို့အနေဖြင့် ဈေးကွက်အခြေအနေသစ်များနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း MKT ဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်းများအသင်း (MCEA) ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က Frontiermyanmar ၏ Myanmar Real Estate & Construction Monitor ကဏ္ဍသို့ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် ဈေးကစားရင်းနှီးမြှုပ်နှံသူများတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများစွာ ပါဝင်နေပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုမျိုးမှာ ဈေးနှုန်းမတည်ငြိမ်မှု၊ အိမ်ခြံမြေဈေးကွက် မရေရာမှုများကို ပေါ်ပေါက်စေကြောင်းလည်း ဦးမျိုးမြင့်က ပြောကြားသည်။

ဈေးကစားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဟု မျှော်လင့်ကာ ရန်ကုန်တွင် နိုင်ငံခြားမှ ရွှေ့ပြောင်းနေထိုင်မည့်သူတို့အတွက် ရည်ရွယ်ကာ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း နေရာကျယ်ဝန်းသော လူနေအိမ်ခြံမြေများကို ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ဈေးကစားခြင်းများသည် အိမ်ခြံမြေဈေးနှုန်းအပေါ် ဖိအားကြီးစွာသက်ရောက်စေပြီး စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခက်ခဲမှုများ ပိုမိုပေါ်ပေါက်စေသည်။

အိမ်ခြံမြေဈေးနှုန်းများကို ပိုမိုတွက်ချက်သည်မှာ ရေရှည်အတွက် အထောက်အပံ့ကောင်းတစ်ခုမဖြစ်စေဘဲ အိမ်ခြံမြေဈေးကွက်အတွင်း မြင့်မားသော ဈေးနှုန်းများ ၊ ရောင်းလိုအားများကို လက်ခံဖြေရှင်းနိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေသည်။

တန်ဖိုးကြီးလူနေခန်းများကို ကြိုပွိုင့်ဝယ်ယူသူအများစုမှာ ဈေးကစားမည့်ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း Myanmar Real Estate & Construction Monitor က တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းသို့ မူလမျှော်လင့်ချက်များအတိုင်းဖြစ်မလာဘဲ လက်တွေ့တွင် ကွန်ဒိုခန်းများကို ဝယ်ယူနေထိုင်ရန် စိတ်ဝင်စားသူအလွန်နည်းလှပြီး စီးပွားရေးလောကမှ အနားယူသူများ၊ ကုမ္ပဏီများနှင့် နိုင်ငံခြားမှ ရွှေ့ပြောင်းနေထိုင်သူအချို့သာရှိကြောင်းလည်း ဦးမျိုးမြင့်က ပြောကြားသည်။

အမှန်တကယ်ဝယ်ယူနေထိုင်မည့်သူများမှာ အကျယ်အဝန်း စတုရန်းပေ ၁၂၀၀ ထက် မကြီးမားဘဲ ဈေးနှုန်းအရလည်း ကျပ်ငွေ သိန်း ၂၀၀၀ ထက်မများသော လူနေခန်းများကိုသာ အများဆုံးစိတ်ဝင်စားကြသည်။

“ရန်ကုန်ကွန်ဒိုဈေးကွက်ဟာ ၂၀၁၉ တတိယ ၃ လပတ်ကာလမှာ ဈေးကွက်ကောင်းလာနိုင်ပါတယ်။ developer တွေအနေနဲ့ သတိရှိ နေသင့်တယ်။ လက်ရှိအချိန်မှာ အလယ်လတ်တန်းစားနဲ့ အသေးစားစီမံကိန်းတွေအပေါ်မှာပဲ အာရုံပိုထားသင့်ပါတယ်”ဟုလည်း ဦးမျိုးမြင့်က ဖြည့်စွက်ပြောကြားသည်။

ကွန်ဒိုဈေးကွက် ဝယ်လိုအားမှာ အလွန်နည်းပါးလှရာ developer အများစုသည် လက်ကျန်အခန်းများကို ရောင်းချရာတွင် များစွာ ရုန်းကန်နေရပြီး ငွေဖော်ရန်အတွက် လျှော့ဈေးအများအပြား မကြာခဏပေးလာနေကြရကြောင်းလည်း ဦးမျိုးမြင့်က ထောက်ပြသည်။

ဦးမျိုးမြင့်သည် ရန်ကုန်ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ကွန်ဒိုဥပဒေကို လာမည့် ဇွန် (သို့မဟုတ်) ဇူလိုင်လတွင် အပြည့်အဝလည်ပတ်အကောင်အထည်ဖော်နိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

MKT ဆောက်လုပ်ရေးကုမ္ပဏီကို ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင် အခြေစိုက်သည်။

ကိုယ်ပိုင်စီမံကိန်းများ ဆောက်လုပ်၊ ရောင်းချခြင်း၊ အခြားသူများ အပ်နှံသည့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းတို့ ပြုလုပ်သည်။

ကွန်ဒိုမီနီယံများ အဓိကဆောက်လုပ်သည့်ကုမ္ပဏီအဖြစ် လူသိများသော်လည်း အားကစားကွင်းများ၊ ဟိုတယ်များ၊ စက်ရုံများနှင့် ဘဏ်ခွဲအဆောက်အအုံများလည်း ဆောက်လုပ်မှုများ ရှိသည်။ လက်ရှိအားဖြင့် MKT က ဦးတည်နေသည်မှာ အလတ်လတ်တန်းစား ကွန်ဒိုစီမံကိန်းများ ဖြစ်သည်။

အနာဂတ်တွင်မူ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများအပေါ် ပိုမိုဦးတည်ရန် သုံးသပ်နေကြောင်းလည်း ဦးမျိုးမြင့်က ပြောကြားသည်။

MKT သည် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် တည်ရှိသော ပြည်တော်သစ်အိမ်ရာ ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း၏ main contractor အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကြေညာထားခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ကျင်းပပြီးနောက် MKT သည် ကွန်ဒိုစီမံကိန်းများ လည်ပတ်ရန် လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးလည်း ဖြစ်သည်။

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service