သီရိလင်္ကာ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုချက် ကိုလံဘိုမြို့တော်တွင် မြေဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ

သီရိလင်္ကာ၏ ကူးသန်းရောင်းဝယ်ရေးဗဟိုချက် ကိုလံဘိုမြို့တော်တွင် မြေဈေးနှုန်း ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
9 Apr 2019 11:20 am တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

သီရိလင်္ကာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်မြို့တော် ကိုလံဘိုတွင် မြေဈေးနှုန်းများမှာ လွန်ခဲ့သော တစ်နှစ်ခန့်ကနှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သီရိလင်္ကာဗဟိုဘဏ်က ထုတ်ပြန်သော မြေယာဈေးနှုန်းညွှန်းကိန်း(LPI) ကို ကိုးကားပြီး ကိုလံဘိုအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ မြေယာဈေးနှုန်းညွှန်းကိန်း(LPI) တွင် ပါဝင်သော ကဏ္ဍခွဲ ၃ ခုဖြစ်သည့် လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မူဆိုင်ရာ မြေယာ ဈေးနှုန်းကဏ္ဍများတွင် ယခုကဲ့သို့ မြင့်တက်မှုများ တွေ့ခဲ့ရခြင်း ဖြစ်သည်။

လူနေကဏ္ဍ မြေယာများမှာ ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ ကူးသန်းရောင်းဝယ်ရေးမှာ ၁၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် စက်မှုဇုန်ဆိုင်ရာမှာ ၁၉ ဒသမ ၄ ရာခိုင်နှုန်း နှစ်အလိုက် (YOY) တန်ဖိုးမြင့်တက်မှုများ ရှိခဲ့သည်။

ကိုလံဘိုခရိုင်၏ မြေယာညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း ၁၂၅ ဒသမ ၉ သို့ရောက်ရှိခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက် ညွန်းကိန်းဖြစ်သော ၁၁၆ ဒသမ ၃ နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာဗဟိုဘဏ်သည် အိမ်ခြံမြေကဏ္ဍ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို စောင့်ကြည့်ရန်အတွက် ညွှန်ပြချက်များစွာကို စုဆောင်းသုံးသပ်ခဲ့ခြင်း ဖြစ်သည်။

မြေယာဈေးနှုန်းညွှန်းကိန်း(LPI) ကို တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်ခြင်းဖြစ်ပြီး ကိုလံဘိုခရိုင်အတွက်ဖြစ်ကာ ၁၉၉၈ ခုနှစ်မှ စတင်ခဲ့သည်။

သီရိလင်္ကာသည် မြေယာပိုင်ဆိုင်မှုနှင့် စပ်လျဉ်းပြီး ဥပဒေအမျိုးမျိုးရှိနေသောကြောင့် ရှုပ်ထွေးမှုများစွာရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။

ဒတ်ခ်ျတို့ အုပ်စိုးစဉ်အခါက ပြဌာန်းခဲ့သည့် Roman Dutch ဥပဒေ၊ ဗြိတိသျှတို့ အုပ်စိုးစဉ်အခါက ပြဌာန်းခဲ့သော ဗြိတိသျှဥပဒေများအပြင် လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေများလည်း အမျိုးမျိုးရှိနေသည်။ လူပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် ကန်ဒျန်ဥပဒေနှင့် ဆဝါလာမိုင် ဥပဒေဟူ၍ ၂ မျိုးထပ်မံကွဲပြားသည်။

ကန်ဒျန်ဥပဒေမှာ ကန်ဒျန်ဘုရင့်နိုင်ငံတော်ကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့စဉ်က အဆိုပါဘုရင့်နိုင်ငံတော်တည်ရှိရာ နယ်နိမိတ်အပိုင်းအခြားတွင် နေထိုင်ခဲ့သည့် သင်ဟာလူမျိုးအားလုံးအတွက် အကျုံးဝင်သည်ဟု ဆိုသည်။

ဆဝါလာမိုင်ဥပဒေမှာမူ ဂျက်ဖ်နာပြည်နယ်တွင် နေထိုင်သော တမီလ်မျိုးနွှယ်များအပေါ် သက်ရောက်သည့် ဥပဒေ ဖြစ်သည်။

ထို့ကြောင့် သီရိလင်္ကာတွင် မြေယာပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ လွှဲပြောင်းမှု၊ စွန့်လွှတ်မှုတို့သည် သက်ဆိုင်ရာမျိုးနွှယ်၊ ဒေသဆိုင်ရာ ဥပဒေအသီးသီးအပေါ် မှီတည်နေသည်။

ဆဝါလာမိုင်ဥပဒေအရ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းတို့၏ သဘောတူညီချက်မပါဘဲ အိမ်ခြံမြေများကို အဆုံးစွန်ပိုင်ဆိုင်ခွင့် မရှိသောကြောင့် ခင်ပွန်းကွယ်လွန်ပါက ဘဏ်တွင်အပေါင်ထားခြင်းအတွက် များစွာ အခက်တွေ့ကြရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service