ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ ခေတ်အမီဆုံး အဆင့်မြင့်လက်ကားဈေးကြီးဖြစ်လာမယ့် Gamone Pwint Wholesale Mall ဆိုင်ခန်းတွေကို အတိုးမဲ့အရစ်ကျ သို့မဟုတ် ဆိုင်ခန်းငှားခလောက်နဲ့ လစဉ်ပေးသွင်း ဝယ်ယူနိုင်ပါတယ်။
Gamone Pwint Whole-sale Mall မှာ မြေ ၈.၅ ဧကပေါ်မှာ တည်ပေါ်မှာ တည်ဆောက်ထား တဲ့ ဆိုင်ခန်းပေါင်း ၇၃၀ ကျော်၊ Warehouse ပေါင်း ၂၂၈ ခန်းပါ ဝင်တဲ့ အထပ်မြင့် အဆောက်အအုံ တစ် ခုပါပဲ။ ကုန်တင် ထရပ်ကား ကြီး ၁၇ စီး တစ်ပြိုင်တည်းရပ်နိုင် မယ့် ကုန်အတင်အချနေရာနဲ့ ကုန်တင်ဓာတ်လှေကား ၁၀ စင်း၊လူစီး ဓာတ်လှေကား ၃၀ စင်း၊ ဓာတ် လှေ ကား (escalator) ၂၀ စင်း ပါဝင်ပြီး ကားရပ်နားရန်အတွက်လည်း ၁၂ ထပ်မြင့်အဆောက်အအုံ ပါရှိပါတယ်။
အဆောက်အအုံရဲ့ ၄၀ ရာခိုင် နှုန်းကိုသာ ဆိုင်ခန်းတွေဆောက်လုပ်ထားပြီး ၆၀ ရာခိုင်နှုန်းကို supporting area ပြုလုပ်ထားပါတယ်။ Wholesale mall အပြင် ဟိုတယ် နဲ့ ရုံးခန်းတွေပါဝင်ကာ စီးပွားရေး အချက်အချာ နေရာတစ်ခုဖြစ်ပါတယ်။ သိုလှောင်ရုံတွေကိုလည်း ငါးလွှာနဲ့ခြောက်လွှာမှာ ထည့်သွင်း တည်ဆောက်ပေးထားတာကြောင့် ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ သီးသန့် warehouse ငှားရန်မလိုဘဲ အချိန်၊ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ဝယ်ယူငှားရမ်းသိုလှောင် နိုင်ပါတယ်။
၈၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးနေပြီး ၂၀၁၉ နိုဝင်ဘာလမှာ အခန်းအပ်မှာ ဖြစ်ပါတယ်။ ဆိုင်ခန်း အကျယ်အဝန်းတွေမှာ အနည်းဆုံး ၁၈၀ စတုရန်းပေကနေ ၈ဝဝ စတုရန်းပေ ကျော်အထိရှိတဲ့ အပြင် ၁၉ ပေမြင့်တဲ့ ceiling height ၁၇ ပေက ၁၄ ပေအထိ ကျယ်ဝန်းတဲ့ လူသွားစင်္ကြံတွေ ထည့်ပေးထားပါတယ်။ ဒါ့အပြင် ယုဇနပလာဇာတွေကို သွားလာရ လွယ်ကူအောင် free shuttle ဘတ်စ်တွေ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ GMP mall တွေကို ဝယ်ယူပြီး နယ်ကို တင်ပို့တဲ့ ကုန်ပစ္စည်း တွေကို အဝေးပြေးဂိတ်အရောက် free transport service တွေလည်း ဆောင်ရွက်ပေးမှာပါ။
Faci lities တွေအနေနဲ့ နိုင်ငံတကာအဆင့်မီ လျှပ်စစ်ပစ္စည်း တွေ၊ protection system တွေ အသုံးပြုထားပြီး နိုင်ငံတကာအဆင့်မီ မီးဘေးကာကွယ်ရေး၊ မီး ငြှိမ်း သတ်ရေးစနစ်တွေ၊ ဆိုင်ခန်းတွေ ကြား မီးမပြန့်စေဖို့ fire barrier တွေပါရှိပြီး အရေးပေါ်ထွက်ပေါက် တွေ၊ ၂၄ နာရီလုံခြုံရေး စနစ်တွေ၊ လုံခြုံရေးဝန်ထမ်းတွေ ပါရှိပါတယ်။ ဒါ့အပြင် အရေးပေါ် ထွက်ပေါက်နဲ့ လှေကားပါဝင်ပြီး ၂၄ နာရီ စီစီတီဗီ နဲ့ access control system ပါဝင်ပါတယ်။
Credit: The Kumudra