နေထိုင်ဖို့ အိမ်ငှားသူတွေ ဈေးသက်သာတာ ရှာငှားလာ

နေထိုင်ဖို့ အိမ်ငှားသူတွေ ဈေးသက်သာတာ ရှာငှားလာ - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 12:24 pm တွင် တင်ခဲ့သည်
1064 ကြိမ် ကြည့်ရှု့ပြီး

နေအိမ်နဲ့ တိုက်ခန်း တွေကိုနေထိုင်ဖို့အတွက် ငှားရမ်းကြရာမှာ ဈေးနှုန်းသက်သာတဲ့နေရာနဲ့ အထပ်မြင့်တွေကို ပိုမိုငှားရမ်းနေထိုင်လာကြတယ်လို့ သိရပါတယ်။

သာကေတမြို့နယ် အနော် မာရပ်ကွက် အိမ်ငှားလုပ်ကိုင်သူ မသီတာက “နယ်ကလာတဲ့ သူအ များစုက မိသားစုဝင်ငွေနဲ့ တွက်ချက်ပြီးဈေးနည်းတဲ့ ရပ်ကွက်တွေ ပိုငှားဖြစ်တယ်၊ အများစုက နှစ်သိန်းဝန်းကျင်လောက်အထိပဲ ငှားတာများတယ်၊သုံးသိန်း၊ လေးသိန်း ဆို သူတို့ဝင်ငွေနဲ့ အိမ်ငှားနေစရိတ်များလို့ မငှားဖြစ်ဘူး၊ ဒါကြောင့် သာကေတ၊ တာမွေဘက်တွေ ဈေးသိပ်မများတာကြောင့် အငှား ပိုများတာမျိုး တွေ့ရတယ်”လို့ ပြောပါတယ်။

သာကေတမြို့နယ် မှာက နယ်ကလာသူတွေအများစုငှားဖြစ်ကြ ပြီးဈေးနှုန်းကလည်း အသင့်အတင့် ရှိတယ်။ သာကေတမြို့နယ်အနော်မာရပ်ကွက်၊ ဒေါပုံ၊သင်္ဘောကျင်းဘက်တွေမှာ နေရာဒေသအလိုက် အငှားဈေးနှုန်းမှာ တစ်သိန်းကနေ သုံးသိန်းကျော် ကျော်လောက်သာ အငှားဈေးရှိ နေပါတယ်။ သာကေတ အနော်မာရပ်ကွက်မှာ လုံးချင်းအိမ်အငှား တွေရော တိုက်ခန်းအငှားတွေပါ နှစ်မျိုးလုံး အငှားဖြစ်ကြ တာကို တွေ့ရပါတယ်။ လုံးချင်းအိမ် အငှားဈေးနှုန်းမှာ နှစ်သိန်း၊ နှစ်သိန်း ခွဲ၊ တိုက်ခန်းတွေမှာ ၁၅ ပေ x ပေ ၆၀ အကျယ်တွေဆို မြေညီ ထပ်ကို သုံးသိန်းကျော်၊ အထပ်မြင့် အလိုက် ကွာခြားပြီး နှစ်သိန်းဝန်း ကျင်လောက်သာ ရှိပါတယ်။ အငှားအများစုမှာ နယ်ကလာပြီး ပန်းထိမ်လုပ်သူတွေ အငှားပိုများတာကို တွေ့ရတယ်လို့ သာကေတမြို့နယ်မှာနေထိုင်သူ မသီသီ က ပြောပါတယ်။

ဒါ့အပြင် ဒေါပုံ သင်္ဘောကျင်း ရပ်ကွက်တွေမှာ အငှားဈေးနှုန်းတွေက တစ်သိန်းကျော်လောက် ကစပြီး ရှိပါတယ်။ တချို့အခန်းတွေဆို စပေါ်သိန်း ၂၀ တင်ရင် ကျပ် ၉၀,ဝဝဝ၊ စပေါ်သိန်း ၃၀ တင်ရင် ကျပ် ၈၀,ဝဝဝ၊ တစ်သိန်း စတဲ့ ဈေးနှုန်းအနေအထားရှိ ပြီး အငှား ဖြစ်နေတာကို တွေ့ရပါတယ်။

တာမွေမြို့နယ် တစ်ဝိုက်မှာ တာမွေဈေးဝန်းကျင်၊ ယုဇနပလာ ဇာဝန်းကျင်တွေမှာ အဆောင်စု ငှားနေသူတွေ များနေပါတယ်။ တစ်သိန်းခွဲဝန်းကျင်အခန်းလေး တွေကိုငှားပြီး သူငယ်ချင်း လေးယောက်၊ ငါးယောက် စုပြီးနေထိုင် ကြတာတွေရှိပါတယ်။ ဒါ့အပြင် ဈေးအနီးတစ်ဝိုက်မှာ ဈေးသွား လာရ အဆင်ပြေတာကြောင့် အငှား ပိုဖြစ်ပြီး စုငှားတွေ ပိုဖြစ်နေကြ တာကို တွေ့ရပါတယ်။

ဒဂုံမြို့နယ်

ဒဂုံမြို့သစ် အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်းဘက်မှာဆို အငှားဈေးနှုန်းက ကောင်းနေပါ တယ်။ မြောက်ဒဂုံဘက်မှာဆို လူနေထိုင်ဖို့၊ စီးပွားရေးလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ အငှားဖြစ် နေပါတယ်။ ဒဂုံတောင်ပိုင်းမှာ လည်း အလုပ်သမားတွေ ပေါများတာကြောင့် နှစ်ထပ်အိမ်တွေ ဆောက်ကာ အခန်းလေးတွေဖွဲ့ပြီး အငှားဖြစ်နေတာ တွေ့ရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service