လေလံငွေ သိန်း ၁၅၀၀ ကိုစွန့်လွှတ်ပြီး ယာဉ်ရပ်နားခ မကောက်ရန် မန္တလေး စည်ပင်သတ်မှတ်

လေလံငွေ သိန်း ၁၅၀၀ ကိုစွန့်လွှတ်ပြီး ယာဉ်ရပ်နားခ မကောက်ရန် မန္တလေး စည်ပင်သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 11:57 am တွင် တင်ခဲ့သည်
3331 ကြိမ် ကြည့်ရှု့ပြီး

ဒီနေ့ဧပြီလ ၇ ရက်နေ့ကစလို့ မန္တလေးမြို့တွင်း ၇ နေရာမှာ ယာဉ်ရပ်နားခပေးစရာမလိုတော့ဘူးလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့သတင်းထုတ်ပြန် အရသိရပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်းက ဆေးရုံကြီးရှေ့ လမ်း ၃၀(၇၄ လမ်းမှ ၇၈ လမ်းအထိ)၊ လမ်း ၈၀(၂၇ လမ်းမှ ၃၃ လမ်းအထိ)၊ ၈၂ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၃ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၄ လမ်း(၂၆ လမ်းမှ ၂၈ လမ်းအထိ)၊ ၂၆ လမ်း( လမ်း ၈၀ မှ ၈၄ လမ်းအထိ) နဲ့ ၃၅ လမ်း(လမ်း ၈၀ မှ ၈၄ လမ်းအထိ)တို့မှာ ဒီနေ့ကစလို့ ယာဉ်ရပ် နားခပေးစရာမလိုတော့တာပဲဖြစ်ပြီး ပုံမှန်ကောက်ခံလျက်ရှိတဲ့ ယာဉ်ရပ်နားကန့်သတ်ကောက်ခံခွင့်ပြုထားတဲ့အဲဒီလေလံနေရာ ၇ နေရာကို ယာဉ်ရပ်နားခကောက်ခံတဲ့စနစ် ဖျက် သိမ်းလိုက်တာလည်းဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

လမ်းအသုံးပြုကြသူတွေ အဆင်ပြေစေဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောင်းလဲမှုတစ်ခုလုပ်ဆောင်ပေးလိုက်တာဖြစ်တယ်လို့သိရပြီး ဒါနဲ့ပတ်သက် လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က "လေလံမှရရှိမည့်ငွေမှာ တစ်နှစ်မှာ သိန်း ၁၅၀၀ ကျော်ရရှိမည်ဖြစ်သော်လည်း မြို့တော်နေပြည်သူများအတွက် ငွေကြေးကိုအဓိကမထားပါ၊ မြို့တော်ပြည်သူများအတွက် အမြဲဂရုတစိုက်ပြောင်းလဲပေးနေတဲ့မြို့တော်စည်ပင်ပါ" လို့ သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထား ပါတယ်။

“ကားတစ်စီးဝယ်လိုက်ကတည်းက နိုင်ငံတော်အတွက်အခွန်တွေအများကြီးရပြီးသားပါ၊ ဒါကိုမှ ဘာကြေးညာကြေးဆိုပြီးဆက်ကောက်နေတာက မဖြစ်သင့်ဘူးလို့ပဲမြင်ပါတယ်၊ ကားရပ်နားခလည်းမကောက်နဲ့ နောက်တစ်ခုက မြို့ဝင်ကြေးဆိုတာတွေလည်း ဖျက်သိမ်းသင့်နေပါပြီ” လို့ မန်းမြန်မာပလာဇာမှာ အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ဝင်းလဲ့ရည်က သူ့အမြင်ကို ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနအနေနဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ် ကျန်ကာလ ၆ လ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၁ နှစ်၊ စုစုပေါင်း ၁ နှစ်နဲ့ ၆ လအတွက် အဆိုပါလေလံမှရရှိငွေဟာ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော်ရှိတယ်လို့သိရပါတယ်။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service