ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ကို ၂ဝ၂ဝ ပြည့်နှစ်အတွင်းအသုံးပြုနိုင်မည်ဟု ခန့်မှန်း

ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ကို ၂ဝ၂ဝ ပြည့်နှစ်အတွင်းအသုံးပြုနိုင်မည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 11:12 am တွင် တင်ခဲ့သည်
3046 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှ တည်ဆောက်မည့် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် သပြု- ရှမ်းကံ-ကဝလမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) မှာ ၂ဝ၂ဝပြည့်နှစ် စက်တင်ဘာလ (၃၀)ရက်တွင် စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါတံတားမှာအရှည်(၁၀၅၀)ပေ၊ ယာဉ်သွားလမ်း(၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင်(၃ပေ၃လက်မ)စီပါဝင်သည့် (၂)လမ်းသွားသံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ရန်ပုံငွေများဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ( ၅၅၀၀ ) သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း ပန္နက်တော်တင်တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားပြုလုပ်သည့် ဧပြီလ ၆ ရက် က သိရသည်။

အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီးဘက်တွင် သပြုမှတစ်ဆင့် ရှမ်းကံ-ကဝသို့ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ဆောက်မည့်တံတားဖြစ်ပြီး ကဝမြို့မှပဲခူးမြို့သို့လည်း ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်းမှတစ်ဆင့် တိုက်ရိုက်ရောက်ရှိမည့်လမ်းလည်းဖြစ်ကြောင်းရသည်။

ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားကြီးတည်ဆောက်ပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးဘက်ရှိ အုန္နဲ၊ သက္ကလ၊ သနပ်ပင်မြို့များမှဒေသခံပြည်သူများ အဆိုပါတံတားကိုအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးသို့လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးဘက်ခြမ်းတွင်လည်း ဤတံတားမှတစ်ဆင့် ရန်ကုန်အပြင်မြို့ပတ်လမ်းသို့ ချိတ်ဆက်ရမည့် တံတားဖြစ်သည့်အတွက် လည်း အလွန်အရေးပါသောတံတားဖြစ်သည်။

ယခုအခါ ပဲခူးမြစ်ကိုဖြတ်၍ ဖြတ်သန်းဖေါက်လုပ်ထားသည့် ပဲခူးမြစ်ကူးတံတား(၇)စင်းရှိပြီဖြစ်ပြီး ယခုတည်ဆောက်မည့်ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)တံတားသည် ပဲခူးတိုင်းဒေသကြီးအတွင်း(၆)စင်းမြောက်တံတားဖြစ်ကြောင်း၊ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ပဲခူးမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား၊ ပဲခူးမြို့အတွင်းရှိပဲခူးမြစ်ကူးတံတား၊ ကဝမြို့နယ်ရှိပဲခူးမြစ်ကူးတံတား(ကဝ)တံတားတို့ တည်ဆောက်ပြီးဖြစ်ကာ ယခုအခါကဝမြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတားနှင့် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တို့ကိုလည်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service