ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း စုပေါင်းပိုင်အဆောက်အအုံတည်ထောင်ဆောက်လုပ်လိုသူများအတွက် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဦးစီး၍ တည်ထောင် သူလုပ်ငန်းလိုင်စင်ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Pan Pacific Hotel ၌ ဧပြီလ ၆ ရက်ကကျင်းပခဲ့သည်။
ယခု တည်ထောင်သူလုပ်ငန်းလိုင်စင်ပေးအပ်ပွဲသည် မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်ပေးအပ်ခြင်းဖြစ်ပြီး လုပ်ငန်းလိုင်စင်လျှောက်ထားလာသည့် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။
" ကွန်ဒိုနဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ နည်းဥပဒေတွေရှိပေမယ့်လည်း လက်တွေ့ ကျင့်သုံးအကောင်အထည်ဖော်မယ့် လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်အပ်နှင်းပေးဖို့လိုပါတယ်။ ဒါမှသာ စုပေါင်းပိုင်အိမ်ရာတွေကို တည်ထောင်ဆောင်ရွက်တဲ့သူတွေဟာ နိုင်ငံခြားသားရောင်းဝယ်နိုင်မယ်ဆိုရင်လည်း ကွန်ဒိုစတင်တည်ဆောက်ချိန်မှာပဲ အချိုးခွဲပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" ဟု ရန်ကုန် တိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တည်ထောင်သူလုပ်ငန်းလိုင်စင် ပေးအပ်ခြင်းအပြင် စုပေါင်းပိုင်အိမ်ရာများကို ပြုပြင်ထိန်းသိမ်းရေးအပိုင်းအား စုပေါင်းဆောင်ရွက် နိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar