အိမ္ျခံေျမ ဝယ္ခြန္ ေရာင္းခြန္ ဘယ္လိုေဆာင္မလဲ

အိမ္ျခံေျမ ဝယ္ခြန္ ေရာင္းခြန္ ဘယ္လိုေဆာင္မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5 Apr 2019 1:22 pm တွင် တင်ခဲ့သည်
8847 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Zawgyi]

မိတ္ေဆြတစ္ဦးက အိမ္ႏွင့္ေျမ(ဂရန္ေျမ) ဝယ္လုိက္ေသာေၾကာင့္ ဝယ္ခြန္ေရာင္းခြန္ မည္သုိ႔ ထမ္းေဆာင္ရပါသလဲဟု ေမးလာ သျဖင့္ ဤေဆာင္းပါးကို ဗဟု သုတအျဖစ္ေရးသားလိုက္ပါသည္။

ဝင္ေငြခြန္ေကာက္ျခင္း

ဥပေဒ ေဝါဟာရအေခၚ အေျခပစၥည္းျဖစ္သည့္ အိမ္၊ၿခံ၊ေျမ တုိက္ခန္းမ်ားေရာင္းျခင္း၊ ဝယ္ျခင္း ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္း စသည့္တုိ႔ ျပဳလုပ္ပါက ျမန္မာႏုိင္ငံ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒႏွင့္အညီ သတ္မွတ္ထားသည့္ ႏႈန္းထားအေပၚ ဝင္ေငြခြန္ ထမ္းေဆာင္ၾကရသည္။

တန္ဖုိးစိစစ္ေရးအဖြဲ႔သုိ႔ တင္ျပရျခင္း

ရန္ကုန္တုိင္းအတြင္းရွိသည့္ အိမ္၊ၿခံ၊ေျမတိုက္ခန္းမ်ား ေရာင္းျခင္း၊ ဝယ္ျခင္းျပဳလုပ္ပါက ပထမဦးစြာ ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းလမ္း၊ ေလာကနတ္ အႏုပညာခန္းမ အေဆာက္အအုံ၏ ပထမထပ္ရွိ ရန္ကုန္တုိင္း တန္ဖုိးစိစစ္ေရးအဖြဲ႕သုိ႔ တန္ဖုိးစိစစ္ သတ္မွတ္ေပးပါရန္ အေရာင္းအဝယ္ ကတိစာခ်ဳပ္ႏွင့္အတူ လုိအပ္ေသာ စာရြက္စာတမ္းမ်ားကုိ ပူးတြဲတင္ျပၿပီး အေရာင္းအဝယ္ျပဳသည့္ေန႔မွ တစ္လအတြင္း ေရာင္းသူဝယ္သူ ကုိယ္တုိင္သြားေရာက္၍ ပုံစံမ်ား ျဖည့္စြက္တင္သြင္းရ ေပသည္။

တန္ဖုိးစိစစ္ေရးအဖြဲ႔၏ ေဆာင္ရြက္ခ်က္

တန္ဖုိးစိစစ္ေရးအဖြဲ႕သည္ လုိအပ္လွ်င္ ကြင္းဆင္းစစ္ေဆးၿပီး အိမ္၊ေျမ၊ တုိက္ခန္းတန္ဖုိး သတ္မွတ္ထားသည့္ စံႏႈန္းမ်ားႏွင့္အညီ စည္းေဝးဆုံးျဖတ္သတ္ မွတ္ေပးပါသည္။

ထုိ႔ေနာက္ အိမ္၊ ေျမ၊ တုိက္ခန္းတုိ႔၏ တန္ဖုိးသတ္မွတ္ခ်က္ အေၾကာင္းၾကားစာကုိ အဆုိပါ အိမ္၊ ေျမ၊ တုိက္ခန္းရွိရာ ၿမိဳ႕နယ္အခြန္ဦးစီးမွဴး႐ုံးသုိ႔ တစ္လအတြင္း ေပးပုိ႔ပါသည္။ အခြန္ထမ္းသည္ သက္ဆုိင္ရာ ၿမိဳ႕နယ္အခြန္ဦးစီးမွဴး႐ုံးတြင္ က်သင့္သည့္ ဝင္ေငြခြန္ကုိ ေပးသြင္းရမည္ျဖစ္သည္။

အခြန္ႏႈန္းသတ္မွတ္ခ်က္မ်ား

အမ်ားျပည္သူက အလြယ္ကူဆုံးသတ္မွတ္ေခၚတြင္ေနၾကေသာ - ေရာင္းခြန္ျဖစ္သည့္ ေရာင္းရသည့္ အေျခပစၥည္း အိမ္ေျမ တုိက္ခန္း တုိ႔မွ ရရွိေသာ အျမတ္အ စြန္းေငြေပၚတြင္ ေကာက္ခံသည့္ ဝင္ေငြခြန္ႏွင့္ - ဝယ္ခြန္ဟု သတ္မွတ္ ေခၚတြင္ေနၾကေသာ အိမ္၊ ေျမ၊ တုိက္ခန္းတုိ႔ ဝယ္ယူသည့္ ေငြေပၚတြင္ ေကာက္ခံသည့္ ဝင္ေငြ ခြန္ဟူ၍ ႏွစ္မ်ဳိးရွိပါသည္။

သတ္မွတ္သည့္ေရာင္းခြန္ႏႈန္းထား

၂ဝ၁၅ ခုႏွစ္ ျပည္ေထာင္ စု၏ အခြန္အေကာက္ ဥပေဒ ပုဒ္ မ-၂၇တြင္ အေျခပစၥည္းတစ္ခု သုိ႔မဟုတ္ တစ္ခုထက္ပုိ၍ ေရာင္းခ် ျခင္းလဲလွယ္ျခင္း၊ အျခားတစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္းမွ ျမတ္စြန္းေငြရရွိလွ်င္ ထုိသုိ႔ျမတ္ စြန္းသည့္ က်ပ္ေငြ သုိ႔မဟုတ္ ႏုိ္င္ငံျခားေငြ အေပၚ ၁ဝ ရာခုိင္ႏႈန္း ျဖင့္ ဝင္ေငြခြန္ စည္းၾကပ္ရမည္ဟု ျပ႒ာန္းထားေပသည္။

ဆုိလုိသည္မွာ - အိမ္၊ေျမ တိုက္ခန္းမ်ား ေရာင္းခ်၊ လႊဲေျပာင္း ေပးျခင္းေၾကာင့္ မူလဝယ္စဥ္က တန္ဖုိးေပၚတြင္ အျမတ္အစြန္းရရွိ ခဲ့ေသာ္ ယင္းရရွိသည့္ အျမတ္အစြန္းေပၚတြင္ တစ္ဆယ္ရာခုိင္ႏႈန္း အခြန္ထမ္းေဆာင္ရမည္ျဖစ္သည္။

ျခြင္းခ်က္အေနျဖင့္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒပုဒ္မ-၂၈တြင္ အေျခပစၥည္းတစ္ခု သုိ႔မဟုတ္ တစ္ခုထက္ ပို၍ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း သုိ႔မဟုတ္ အျခားတစ္နည္းနည္းျဖင့္ လႊဲ ေျပာင္းျခင္းျပဳလုပ္သည့္ႏွစ္တစ္ႏွစ္အတြင္း အေျခပစၥည္း၏ တန္ဖုိးစုစုေပါင္းသည္က်ပ္သိန္းတစ္ရာထက္မပုိလွ်င္ အေျခပစၥည္းမွ ျမတ္စြန္းေငြ ေပၚေပါက္ေစကာမူ ဝင္ေငြခြန္ စည္းၾကပ္ျခင္းမျပဳရ ဟု ျပ႒ာန္းထားပါသည္။

ထုိေၾကာင့္ အေျခပစၥည္း ေရာင္းရသည့္ တန္ဖုိးမွာ က်ပ္သိန္းတစ္ ရာထက္ မေက်ာ္လွ်င္ အခြန္စည္း ၾကပ္ျခင္းမရွိဘဲ အလုိအေလ်ာက္ ကင္းလြတ္ခြင့္ရမည္ျဖစ္သည္။

သတ္မွတ္သည့္ ဝယ္ခြန္ႏႈန္းထား

၂ဝ၁၅ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒ ပုဒ္မ ၂၄ တြင္ ႏုိင္ငံသားမည္သူမဆုိ အေျခပစၥည္း တစ္ရပ္ရပ္ကုိ ဝယ္ ယူျခင္း အတြက္ အသုံးျပဳသည့္ ဝင္ေငြမွာ ဝင္ေငြရလမ္း မေဖာ္ျပႏုိင္သည့္ ဝင္ေငြ (တစ္နည္းအား ျဖင့္ စည္းၾကပ္မႈမွ ကင္းလြတ္ေနေသာ ဝင္ေငြ)ျဖစ္ပါက၊ ယင္းဝင္ေငြအေပၚ ၃ဝ ရာခုိင္ႏႈန္း ဝင္ေငြခြန္စည္းၾကပ္ရမည္ဟု ျပ႒ာန္း ထားေပသည္။

ထုိ႔ေၾကာင့္ အိမ္၊ ေျမ၊ တုိက္ခန္းမ်ားဝယ္ရာတြင္ အသုံးျပဳ ေသာေငြမွာ ဝင္ေငြရလမ္း မေဖာ္ ျပႏုိင္သည့္ ဝင္ေငြ ျဖစ္ေနလွ်င္ ယင္းဝင္ေငြ အေပၚ ၃ဝ ရာခုိင္ႏႈန္း ဝင္ေငြခြန္ စည္းၾကပ္ခံရမည္ျဖစ္ေပ သည္။

သုိ႔ရာတြင္ အိမ္၊ ေျမ၊ တုိက္ခန္း ဝယ္ရာတြင္ အသုံးျပဳေသာ ေငြထဲ၌ ဝင္ေငြရလမ္းတင္ ျပႏုိင္သည့္ ဝင္ေငြပါရွိေနပါက ယင္းဝင္ေငြ ကို ႏုတ္၍ က်န္ရွိသည့္ဝင္ေငြရလမ္း မေဖာ္ျပႏုိင္ေသာ ဝင္ေငြအေပၚတြင္သာ ေအာက္ပါႏႈန္းထားအတုိင္း ထမ္းေဆာင္ရမည္ဟု ျပ႒ာန္း ထားသည္။

ဆုိလုိသည္မွာ - အိမ္၊ ေျမ၊တုိက္ခန္းမ်ား ဝယ္ယူရာတြင္ အသုံးျပဳေသာ ဝင္ေငြမွာ ယခင္က အ ေျခပစၥည္း အိမ္၊ ေျမ၊တုိက္ခန္း အပါအဝင္ ေမာ္ေတာ္ကား စသျဖင့္ အခုိင္အမာ ပစၥည္းမ်ား ေရာင္းခ်စဥ္၊ တရားဝင္အခြန္စည္း ၾကပ္ထားၿပီးေသာေငြ၊ ဝင္ေငြရ လမ္း ေဖာ္ျပႏုိင္သည့္ဝင္ေငြကုိ သုံး စြဲေၾကာင္း အခြန္ထမ္းမွ တင္ျပခြင့္ ရွိေပသည္။

ထုိအခါ အိမ္၊ ေျမ၊ တုိက္ ခန္း ဝယ္ယူသည့္ ဝင္ေငြထဲမွ ယခင္က ပစၥည္းေရာင္းခ်၍ အခြန္ စည္းၾကပ္ထားေသာ ဝင္ေငြကုိႏုတ္ ၿပီး က်န္ရွိသည့္ဝင္ေငြအေပၚ ေအာက္ပါႏႈန္းထားအတုိင္း ထမ္း ေဆာင္ရမည္ျဖစ္ေၾကာင္း ျပ႒ာန္း ထားျခင္းျဖစ္သည္။

က်န္ရွိသည့္ဝင္ေငြရလမ္း မေဖာ္ျပႏုိင္ေသာ၊ အခြန္စည္းၾကပ္ထားျခင္းမရွိေသာ ေငြမွာ -

• ေငြက်ပ္သိန္းတစ္ေထာင္အထိ ၃ ရာခုိင္ ႏႈန္း။

• ေငြက်ပ္သိန္းတစ္ေထာင္ မွ ေငြက်ပ္သိန္း ငါးေထာင္အထိ ၅ ရာခိုင္ႏႈန္း။

• ေငြက်ပ္သိန္း ငါးေထာင္မွ၊ ေငြက်ပ္သိန္း တစ္ေသာင္းအထိ ၁ဝ ရာခုိင္ႏႈန္း။

• ေငြက်ပ္သိန္းတစ္ေသာင္း မွ ေငြက်ပ္သိန္းတစ္ေသာင္း ငါးေထာင္အထိ ၂ဝ ရာခုိင္ႏႈန္း။

• ေငြက်ပ္သိန္းတစ္ေသာင္း ငါးေထာင္တစ္က်ပ္ႏွင့္ အထက္ ၃ဝ ရာခုိင္ႏႈန္း ထမ္းေဆာင္ရမည္ ဟု သတ္မွတ္ျပ႒ာန္းထားေပသည္။

ထုိ႔ျပင္ ယင္းဥပေဒ ပုဒ္မ ၂၄ ၌ အေျခပစၥည္း တစ္ရပ္ရပ္ ကုိ ဝယ္ယူရာတြင္ အသုံးျပဳေသာ ေငြအားလုံးအေပၚ ဝင္ေငြရလမ္း အတိ အက်တင္ျပႏုိင္ပါက ဝင္ေငြ ခြန္ထမ္းေဆာင္ရန္ မလုိဟု ေဖာ္ ျပထားေပသည္။

ဆုိလုိသည္မွာ - အိမ္ေျမ၊ တုိက္ခန္း ဝယ္ယူရာတြင္ သုံးစြဲသည့္ ေငြေၾကးပမာဏမွာ ယခင္က အိမ္ေျမ တုိက္ခန္း ေမာ္ေတာ္ကား စသျဖင့္ ခုိင္မာသည့္ ပစၥည္း ေရာင္းခ်ခဲ့စဥ္ အခြန္စည္းၾကပ္ထားၿပီးျဖစ္ေသာ ဝင္ေငြ သုိ႔မဟုတ္ အျခားနည္းလမ္းတစ္ခုခုျဖင့္ ဥပမာ- ကုိယ္ပုိင္ စီးပြားေရးလုပ္ငန္းတစ္ခုခုျဖင့္ ရရွိထားေသာဝင္ေငြအေပၚအခြန္စည္းၾကပ္ထားၿပီး ျဖစ္သည့္ ဝင္ေငြ ပမာဏေအာက္ ေလ်ာ့ နည္းေနပါက ထပ္မံအခြန္ ထမ္းေဆာင္ရန္ မလုိအပ္ေတာ့ဘဲ အခြန္စည္းၾကပ္ျခင္းမွ ကင္းလြတ္ ခြင့္ရမည္ျဖစ္သည္။

ထုိ႔ေၾကာင့္ မိမိထမ္း ေဆာင္ရမည့္ ဝင္ေငြခြန္မ်ားကုိ မွန္မွန္ထမ္းေဆာင္ျခင္းျဖင့္ ရရွိလာေသာ ဝင္ေငြမ်ားအား အိမ္၊ေျမ၊ တုိက္ခန္း စသည့္ အေျခပစၥည္းမ်ားကုိ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ အက်ဳိးအျမတ္မ်ား အဆက္မျပတ္ရရွိလာမည္ျဖစ္ေၾကာင္း အႀကံျပဳ ေရးသား လုိက္ပါသည္။

Credit : Zaygwet Journal

[Unicode]

မိတ်ဆွေတစ်ဦးက အိမ်နှင့်မြေ(ဂရန်မြေ) ဝယ်လိုက်သောကြောင့် ဝယ်ခွန်ရောင်းခွန် မည်သို့ ထမ်းဆောင်ရပါသလဲဟု မေးလာ သဖြင့် ဤဆောင်းပါးကို ဗဟု သုတအဖြစ်ရေးသားလိုက်ပါသည်။

ဝင်ငွေခွန်ကောက်ခြင်း

ဥပဒေ ဝေါဟာရအခေါ် အခြေပစ္စည်းဖြစ်သည့် အိမ်၊ခြံ၊မြေ တိုက်ခန်းများရောင်းခြင်း၊ ဝယ်ခြင်း ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း စသည့်တို့ ပြုလုပ်ပါက မြန်မာနိုင်ငံ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် နှုန်းထားအပေါ် ဝင်ငွေခွန် ထမ်းဆောင်ကြရသည်။

တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြရခြင်း

ရန်ကုန်တိုင်းအတွင်းရှိသည့် အိမ်၊ခြံ၊မြေတိုက်ခန်းများ ရောင်းခြင်း၊ ဝယ်ခြင်းပြုလုပ်ပါက ပထမဦးစွာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ လောကနတ် အနုပညာခန်းမ အဆောက်အအုံ၏ ပထမထပ်ရှိ ရန်ကုန်တိုင်း တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တန်ဖိုးစိစစ် သတ်မှတ်ပေးပါရန် အရောင်းအဝယ် ကတိစာချုပ်နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများကို ပူးတွဲတင်ပြပြီး အရောင်းအဝယ်ပြုသည့်နေ့မှ တစ်လအတွင်း ရောင်းသူဝယ်သူ ကိုယ်တိုင်သွားရောက်၍ ပုံစံများ ဖြည့်စွက်တင်သွင်းရ ပေသည်။

တန်ဖိုးစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်

တန်ဖိုးစိစစ်ရေးအဖွဲ့သည် လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးပြီး အိမ်၊မြေ၊ တိုက်ခန်းတန်ဖိုး သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ စည်းဝေးဆုံးဖြတ်သတ် မှတ်ပေးပါသည်။

ထို့နောက် အိမ်၊ မြေ၊ တိုက်ခန်းတို့၏ တန်ဖိုးသတ်မှတ်ချက် အကြောင်းကြားစာကို အဆိုပါ အိမ်၊ မြေ၊ တိုက်ခန်းရှိရာ မြို့နယ်အခွန်ဦးစီးမှူးရုံးသို့ တစ်လအတွင်း ပေးပို့ပါသည်။ အခွန်ထမ်းသည် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျသင့်သည့် ဝင်ငွေခွန်ကို ပေးသွင်းရမည်ဖြစ်သည်။

အခွန်နှုန်းသတ်မှတ်ချက်များ

အများပြည်သူက အလွယ်ကူဆုံးသတ်မှတ်ခေါ်တွင်နေကြသော - ရောင်းခွန်ဖြစ်သည့် ရောင်းရသည့် အခြေပစ္စည်း အိမ်မြေ တိုက်ခန်း တို့မှ ရရှိသော အမြတ်အ စွန်းငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်နှင့် - ဝယ်ခွန်ဟု သတ်မှတ် ခေါ်တွင်နေကြသော အိမ်၊ မြေ၊ တိုက်ခန်းတို့ ဝယ်ယူသည့် ငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေ ခွန်ဟူ၍ နှစ်မျိုးရှိပါသည်။

သတ်မှတ်သည့်ရောင်းခွန်နှုန်းထား

၂ဝ၁၅ ခုနှစ် ပြည်ထောင် စု၏ အခွန်အကောက် ဥပဒေ ပုဒ် မ-၂၇တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချ ခြင်းလဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ် စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေ အပေါ် ၁ဝ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။

ဆိုလိုသည်မှာ - အိမ်၊မြေ တိုက်ခန်းများ ရောင်းချ၊ လွှဲပြောင်း ပေးခြင်းကြောင့် မူလဝယ်စဉ်က တန်ဖိုးပေါ်တွင် အမြတ်အစွန်းရရှိ ခဲ့သော် ယင်းရရှိသည့် အမြတ်အစွန်းပေါ်တွင် တစ်ဆယ်ရာခိုင်နှုန်း အခွန်ထမ်းဆောင်ရမည်ဖြစ်သည်။

ခြွင်းချက်အနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ-၂၈တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲ ပြောင်းခြင်းပြုလုပ်သည့်နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည်ကျပ်သိန်းတစ်ရာထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် စည်းကြပ်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။

ထိုကြောင့် အခြေပစ္စည်း ရောင်းရသည့် တန်ဖိုးမှာ ကျပ်သိန်းတစ် ရာထက် မကျော်လျှင် အခွန်စည်း ကြပ်ခြင်းမရှိဘဲ အလိုအလျောက် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

သတ်မှတ်သည့် ဝယ်ခွန်နှုန်းထား

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၄ တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ် ယူခြင်း အတွက် အသုံးပြုသည့် ဝင်ငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ (တစ်နည်းအား ဖြင့် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေ)ဖြစ်ပါက၊ ယင်းဝင်ငွေအပေါ် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်း ထားပေသည်။

ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြု သောငွေမှာ ဝင်ငွေရလမ်း မဖော် ပြနိုင်သည့် ဝင်ငွေ ဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ခံရမည်ဖြစ်ပေ သည်။

သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ ကို နုတ်၍ ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ဆိုလိုသည်မှာ - အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အ ခြေပစ္စည်း အိမ်၊ မြေ၊တိုက်ခန်း အပါအဝင် မော်တော်ကား စသဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊ တရားဝင်အခွန်စည်း ကြပ်ထားပြီးသောငွေ၊ ဝင်ငွေရ လမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံး စွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။

ထိုအခါ အိမ်၊ မြေ၊ တိုက် ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းရောင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ် ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ် အောက်ပါနှုန်းထားအတိုင်း ထမ်း ဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်းမရှိသော ငွေမှာ -

• ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင် နှုန်း။

• ငွေကျပ်သိန်းတစ်ထောင် မှ ငွေကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း။

• ငွေကျပ်သိန်း ငါးထောင်မှ၊ ငွေကျပ်သိန်း တစ်သောင်းအထိ ၁ဝ ရာခိုင်နှုန်း။

• ငွေကျပ်သိန်းတစ်သောင်း မှ ငွေကျပ်သိန်းတစ်သောင်း ငါးထောင်အထိ ၂ဝ ရာခိုင်နှုန်း။

• ငွေကျပ်သိန်းတစ်သောင်း ငါးထောင်တစ်ကျပ်နှင့် အထက် ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု သတ်မှတ်ပြဋ္ဌာန်းထားပေသည်။

ထို့ပြင် ယင်းဥပဒေ ပုဒ်မ ၂၄ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသော ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိ အကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန် မလိုဟု ဖော် ပြထားပေသည်။

ဆိုလိုသည်မှာ - အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော်ကား စသဖြင့် ခိုင်မာသည့် ပစ္စည်း ရောင်းချခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသောဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး ဖြစ်သည့် ဝင်ငွေ ပမာဏအောက် လျော့ နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် မိမိထမ်း ဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ထမ်းဆောင်ခြင်းဖြင့် ရရှိလာသော ဝင်ငွေများအား အိမ်၊မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်များ အဆက်မပြတ်ရရှိလာမည်ဖြစ်ကြောင်း အကြံပြု ရေးသား လိုက်ပါသည်။

Credit : Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service