ကနေဒါကုမ္ပဏီကြီး Brookfield က တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် မျက်စိကျနေ

ကနေဒါကုမ္ပဏီကြီး Brookfield က တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် မျက်စိကျနေ - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 12:27 pm တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး

ကနေဒါအခြေစိုက် ကုမ္ပဏီကြီးဖြစ်သော Brookfield သည် တရုတ်ပြည်၊ ရှန်ဟိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံကြီး တစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း စင်္ကာပူအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Brookfield Strategic Real Estate Partners III သည် ရှန်ဟိုင်းရှိ ရုံးခန်းတာဝါ ၃ ခုနှင့် Greenland Huangpu စင်တာရှိ လက်လီ ဈေးဝယ်စင်တာ တစ်ခုတို့ကို ဝယ်ယူရန် သုံးသပ်နေပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးချေ။

အရောင်းအဝယ်ဖြစ်မည်ဆိုပါက ယခုပမာဏအရောင်းအဝယ်မှာ တရုတ်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခု၏ အကြီးမားဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဝယ်ယူမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်္ကာပူမှ CapitaLand နှင့် GIC Pte ကုမ္ပဏီတို့သည် ရှန်ဟိုင်းမြို့၏ အမြင့်မားဆုံး အမြွှာတာဝါများကို ယွမ်ငွေ ၁၂ ဒသမ ၈ ဘီလီယံ (စင်္ကာပူဒေါ်လာ ၂ ဒသမ ၅၈ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ဖူးသည်။

အဆိုပါ အရောင်းအဝယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦးက ရှန်ဟိုင်းတွင် အကြီးမားဆုံးပြုလုပ်ခဲ့သည့် အိမ်ခြံမြေဝယ်ယူမှုတစ်ခု ဖြစ်ခဲ့ကြောင်း CBRE Group က ဖော်ပြခဲ့ဖူးသည်။

Brookfield သည် ၎င်းတို့ရည်ရွယ်ထားသော ဝယ်ယူမှုများ ပြုလုပ်ရန်အတွက် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ချေးငွေရယူရန် ဘဏ်များနှင့် ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

ယခုခြေလှမ်းမှာ Brookfield ၏ ပထမဆုံး တရုတ်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုခြေလှမ်းတစ်ရပ် မဟုတ်ချေ။

ပြီးခဲ့သော ၂၀၁၃ ခုနှစ်အတွင်းကလည်း ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Shui On Land က အကောင်အထည်ဖော်နေ သော ရှန်ဟိုင်းရှိ Xintiandi ဖျော်ဖြေရေးကွန်ပလက်စ်တွင် ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားခဲ့သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအခြေစိုက် ဂိုဒေါင်များလုပ်ကိုင်လည်ပတ်သည့် ကုမ္ပဏီ GLP နှင့်အတူ တရုတ်ပြည်တွင် ခေါင်မိုးပေါ် နေစွမ်းအင်ဆိုလာပြား စီမံကိန်းများ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ဖူးသည်။

ထို့အပြင် ရှန်ဟိုင်းမြို့တွင် လက်လီဈေးဝယ်စင်တာ ၂ ခုကို ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service