ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံခြားသုံးငွေ ငွေသားအပ်နှံမှုတွေပေါ်မှာ ဘဏ်စရိတ်တွေ မကောက်ခံဖို့ ဗဟိုဘဏ်က တိုက်တွန်းလိုက်ပါတယ်။
ဧပြီလ ၂ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
နိုင်ငံခြားငွေအပ်နှံခ ဘဏ်စရိတ်နှုန်းထားဆိုဟာ အမေရိကန်ဒေါ်လာကို ဘဏ်အကောင့်ထဲမှာ လာရောက် သိမ်းဆည်းရာမှာ သိမ်းဆည်းခ ဘဏ်စရိတ်အနေနဲ့ ဘဏ်ကို သတ်မှတ်နှုန်းထားတခုပေးရခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။
နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် A.D လိုင်စင် ရရှိထားတဲ့ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြားငွေတွေ လာရောက် အပ်နှံသူတွေဆီက ငွေကြေး တန်ဖိုးအမျိုးအစားအလိုက် ဘဏ်စရိတ်တွေ ကောက်ယူနေတာပါ။
အစိုးရဘဏ်တွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး ဘဏ်စရိတ် ကောက်ခံခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
Credit: 7Day News Journal