ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မဲလ်ဂစ်ဘ်ဆင်သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ မဲလ် ကွမ်စီလီ ဂျရတ်ဒ် ဂစ်ဘ်ဆင်ဖြစ်ပြီး နယူးယောက်မြို့တွင် ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် မွေးဖွားသည်။
Lethal Weapon ဇာတ်လမ်းတွဲဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Braveheart ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာအဖြစ် အော်စကာဆုရရှိခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့် သမိုင်းဖြစ်ရပ်မှန်အခြေခံ Hacksaw Ridge ဇာတ်ကားသည် အကောင်းဆုံး အသံဆု နှင့် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုတို့ ရရှိခဲ့သည်။
တည်နေရာ-ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်
ဈေးနှုန်း-ကန်ဒေါ်လာ ၁၄ ဒသမ ၄၉၅ သန်း
အကျယ်အဝန်း-၆၅၇၈ စတုရန်းပေ
ဖွဲ့စည်းမှု- အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ဧည့်သည်များ တည်းခိုရန်အခန်း
ယခုအခါ မဲလ်ဂစ်ဘ်ဆင်သည် ကမ္ဘာကျော်များ စုဝေးအခြေချနေထိုင်ကြရာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၃၅၀၀၀၀ ခန့် ဈေးနှုန်းလျှော့ချပေးလာပြီး ၁၅ သန်းဝန်းကျင်ခန့်ဖြင့် ပြန်လည်ဈေးကွက်တင်လာသည်။
အဆိုပါစံအိမ်သည် အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် စတင်ရောက်ရှိခဲ့ပြီး ရောင်းမထွက်ခဲ့ဘဲ ဈေးကွက်တွင် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။
ခြံအကျယ်အဝန်း ၅ ဒသမ ၅ ဧက နီးပါးရှိသော အဆိုပါစံအိမ်ကို မဲလ်ဂစ်ဘ်ဆင်က ၂၀၀၈ ခုနှစ်၊ ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရောင်းချခဲ့သူမှာ ရုပ်ရှင်သရုပ်ဆောင် ဒေးဗစ် ဒျူချော့ဗ်နီနှင့် တီး လီယိုနီတို့ ဖြစ်ကြသည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၆၆၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
ကား ၃ စင်းဆန့် ကားဂိုဒေါင်၏ အပေါ်ထပ်တွင် ဧည့်သည်များတည်းခိုရန် (သို့မဟုတ်) ဝန်ထမ်းများ နေထိုင်ရန်အတွက် နေရာလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။
မီးဖိုဆောင်နှင့် မိသားစုနားနေခန်း ဆက်သွယ်ပေးထားပြီး နားနေခန်းတွင် မြေနီရောင်အုပ်ကြွပ်ကြမ်းခင်းများ ခင်းကျင်းပေးထားကာ မီးလင်းဖို၏ တစ်ဖက်တစ်ချက်စီတွင် ပြင်သစ်တံခါးများတပ်ဆပ်ပေးထားရာ ပင်လယ်ရှုမျှော်ခင်းနှင့် ဆည်းဆာချိန်အလှများကို ကြည့်ရှုနိုင်မည့် လသာဆောင်သို့ ရောက်ရှိမည် ဖြစ်သည်။
မဲလ်ဂစ်ဘ်ဆင်၏ အိမ်ခြံမြေလှုပ်ရှားမှုသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ယခင်ကလည်း တင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက...
https://www.imyanmarhouse.com/news/read/613888
https://www.imyanmarhouse.com/news/read/641702
https://www.imyanmarhouse.com/news/read/646051
https://www.imyanmarhouse.com/news/read/710477
အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)