ကမ္ဘာ့အရောင်းရဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ အင်္ဂလန်အဆိုတော် အက်ဒ်ရှီရန်းက လန်ဒန်တွင် ပေါင် ၄၂ သန်း သုံးစွဲကာ နေအိမ်များစွာ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်

ကမ္ဘာ့အရောင်းရဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ အင်္ဂလန်အဆိုတော် အက်ဒ်ရှီရန်းက လန်ဒန်တွင် ပေါင် ၄၂ သန်း သုံးစွဲကာ နေအိမ်များစွာ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
4 Apr 2019 10:54 am တွင် တင်ခဲ့သည်
1105 ကြိမ် ကြည့်ရှု့ပြီး

အက်ဒ်ရှီရန်းသည် အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို၊ ဂစ်တာသမား၊ တေးထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။

အသက် ၁၈ နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် အင်္ဂလန်တောင်ပိုင်း ဂဲလ်ဖော့ဒ်မြို့ကလေးရှိ ခေတ်ပြိုင်ဂီတအကယ်ဒမီတွင် တက်ရောက် ပညာဆည်းပူးခဲ့သည်။

Asylum Records တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုပြီး ပွဲဦးထွက်တေးအယ်လ်ဘမ် “+” (ပလပ်စ်-ဟု အသံထွက်) ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်လုပ်ခဲ့သည်။

အဆိုပါတေးအယ်လ်ဘမ်သည် ဗြိတိန်နှင့် သြစတေးလျတွင် ရောင်းအားအကောင်းဆုံး ထိပ်ဆုံးနေရာများတွင် ရပ်တည်ခဲ့ပြီး အမေရိကန်ပြည်တွင် ပဉ္စမနေရာ၌ ရပ်တည်ခဲ့ကာ ဗြိတိန်တွင် ပလက်တီနမ်ဓာတ်ပြားဆု ၇ ကြိမ်တိုင် ရရှိခဲ့သည်။

ယင်းအယ်လ်ဘမ်အတွင်း "The A Team" အမည်ရှိ တေးသီချင်းပါဝင်ခဲ့ပြီး အဆိုပါသီချင်းသည် တေးဂီတအရ၊ စာသားအရ အကောင်းဆုံးအဖြစ် Ivor Novello Award ရရှိခဲ့သည်။ "The A Team" သည် ၂၀၁၃ ခုနှစ်၊ ဂရမ်မီဆုပေးပွဲအတွက် Song of the Year အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ဆုပေးပွဲတွင် အဆိုပါသီချင်းကို အက်ဒ်ရှီရန်းက အယ်လ်တန်ဂျွန်နှင့်အတူ တွဲဖက်သီဆိုခဲ့သည်။

ဒုတိယမြောက်အယ်လ်ဘမ် “x” (မာလ်တီပလိုင်း-ဟု အသံထွက်) ကို ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ထုတ်လုပ်ခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ဗြိတိန်နှင့် အမေရိကတွင် နံပါတ်တစ်ချိတ်ဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် Album of the Year အဖြစ် Brit Award ဆု ရရှိခဲ့သည်။

ထိုအယ်လ်ဘမ်အတွင်းမှ "Thinking Out Loud" သီချင်းဖြင့် ၂၀၁၆ တွင် Song of the Year နှင့် Best Pop Solo Performance ဂရမ်မီ ၂ ဆု ရရှိခဲ့သည်။

တတိယအယ်လ်ဘမ် ÷ ( ဒဗိုက်ဒ်-ဟုအသံထွက်) ကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် ထုတ်လုပ်ခဲ့ပြီး ဗြိတိန်၊ အမေရိကနှင့် အခြားအရေးပါသော ဈေးကွက်များစွာတွင် နံပါတ် ၁ နေရာ၌ ရပ်တည်ခဲ့သည်။

အက်ဒ်ရှီရန်းသည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာ့အရောင်းရဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။

ယခုအခါ အက်ဒ်ရှီရန်းက အိမ်ခြံမြေဈေးကွက်တွင် ခြေချလာပြီး ပေါင် ၄၂ သန်းခန့် သုံးစွဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော အက်ဒ်ရှီရန်းသည် လန်ဒန်နှင့် ဆပ်ဖော့ခ်တို့တွင် နေအိမ်ခန်းနှင့် နေအိမ်ပေါင်း ၁၈ ခု၊ လန်ဒန်မြို့ အနောက်ပိုင်း နော့တင်ဟေးလ်အရပ်တွင် စားသောက်ဆိုင်တစ်ခု ပိုင်ဆိုင်ထားကြောင်း The Sun သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

“သူဟာ အိမ်ခြံမြေဈေးကွက်ကို ငွေကြေးအလုံးအရင်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဈေးကွက် ကြီးထွားနေဆဲဖြစ်တဲ့ လန်ဒန်ကို ဦးတည်မယ်ဆိုရင် ငှားခဈေးကောင်းကောင်းရဖွယ်ရှိပါတယ်”ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားသည်။

ယခုအခါ အက်ဒ်ရှီရန်းသည် လန်ဒန်မြို့အနောက်ဘက် ဟမ်းမားစမစ်အရပ်တွင် လူနေခန်း ၆ ခန်းကို ပေါင် ၅ ဒသမ ၆ သန်းဖြင့် လည်းကောင်း၊ လန်ဒန်အနောက်ဘက် ဟော်လန်ပါ့ခ်အရပ်တွင် နေအိမ် ၃ လုံးကို ပေါင် ၇ ဒသမ ၇ သန်းဖြင့် လည်းကောင်း၊ လန်ဒန်အနောက်ဘက်တွင်ပင် တည်ရှိသောချစ်ဝစ်ခ်အရပ်တွင် နေအိမ် ၂ လုံးကို ပေါင် ၃ ဒသမ ၇ သန်းဖြင့်လည်းကောင်း ဝယ်ယူမှုများ ပြုလုပ်လာသည်။

အက်ဒ်ရှီရန်းသည် လန်ဒန်အနောက်ဘက် နော့တင်ဟေးလ်အရပ်တွင် စားသောက်ဆိုင်တစ်ခုနှင့် နေအိမ်တစ်လုံးကိုလည်း မကြာသေးမီကပင် ပေါင် ၂၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူထားခဲ့သေးသည်။

အက်ရှီရန်းသည် ဆပ်ဖို့ခ်တွင် ပေါင် ၂ ဒသမ ၈ သန်းတန်ကြေးရှိ နေအိမ် ၄ လုံးလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့သောနှစ်အတွင်းကလည်း ပေါ်တိုဘယ်လိုလမ်းရှိ ဂါလီစီယာ တာပက်စ်ဘားကိုလည်း ပေါင် ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူထားသေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service