ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
နှစ်သစ်ကူးရုံးပိတ်ရက် နီးလာချိန်တွင် ပြည်တွင်းငွေကြေး ဈေးကွက်၌ ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ဧပြီ ၃ ရက်တွင် တစ်ဒေါ်လာ ၁,၄၈၀ သို့ ရောက်ရှိကာ ကျပ်ငွေတန်ဖိုးမြင့် တက်လာသည်။
ဒေါ်လာတန်ဖိုး ကျဆင်းရ ခြင်းက ပြည်ပမှ သွင်းကုန်ပစ္စည်းများတင်သွင်းမှုလျော့နည်းခြင်း ကြောင့်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
‘‘ဆောက်လုပ်ရေးပစ္စည်း တွေ၊ လူသုံးကုန်တွေ သွင်းတာ နည်းတယ်လေ’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
ပြည်တွင်းငွေကြေးဈေးကွက် နှင့် နီးစပ်စွာ သတ်မှတ်လိုသော ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း က ဧပြီ ၃ ရက်တွင် တစ်ဒေါ်လာ ၁,၅၀၈ ကျပ် သတ်မှတ်သည်။
ဒေါ်လာတန်ဖိုးကျဆင်းနေ ခြင်းကြောင့် ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာဝယ်လို အား လျော့နည်းစေကြောင်း ငွေလဲ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဒေါ်လာတန်ဖိုးကျဆင်းသကဲ့သို့ ပြည်တွင်းရွှေဈေးနှုန်းက အခေါက်ရွှေတစ်ကျပ်သားကျပ် ဆယ်သိန်းလေးသောင်းခန့် ဈေး ရှိနေသည်။ ကမ္ဘာ့ရွှေဈေးနှုန်းက လည်း တစ်အောင်စလျှင် ၁,၂၉၃ ဒေါ်လာဈေးရှိသည်။
မတ်လအတွင်းကပြည်တွင်း ရွှေဈေး ကျပ်ဆယ်သိန်းခြောက် သောင်းခန့်ရှိသော်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် လက်ရှိပြည်တွင်းရွှေဈေး လိုက်ပါ ကျဆင်းခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့ကပြောသည်။
Credit: 7Daydaily