ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက်ရှိ ရခိုင်ပြည်နယ်အစိုးရနှင့် BXT International Co., Ltd တို့ အကျိုးတူပူးပေါင်းဖော်ဆောင်နေသည့် စစ်တွေမြို့ရှိ မြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဧပြီလ (၆) နှင့် (၇) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ စစ်တွေမြို့ ၊ ဦးဥတ္တမ ခန်းမ နှင့် ရန်ကုန်မြို့ ၊ စီဒိုးနားဟိုတယ်တို့တွင် တပြိုင်တည်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ဧပြီလ (၆) ရက် ၊ နံနက် (၉) နာရီ အချိန်တွင် စစ်တွေ နှင့် ရန်ကုန် နှစ်နေရာတွင် တပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်း ဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေ မြေဖို့မြေယာ စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ် ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။
ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေ ထုတ်ပေးမည်ဖြစ်သည်။ ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိပြီး နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည် ဖြစ်သည်။ စစ်တွေမြို့လယ် မြေဈေး တစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ဤစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေ သောင်းဂဏန်းဈေးဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) အစရှိသော စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။
စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတား ဖွင့်ပြီးပါက မိနစ် (၃၀) ခန့်ဖြင့်သာ သွားလာနိုင်ခြင်း ၊ လူမှုစီးပွား အားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP) စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။
“ ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
အရောင်းပြပွဲ အသေးစိတ်အစီအစဉ်
ကျင်းပမည့်ရက် : 6 & 7 April 2019 (စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
ကျင်းပမည့်နေရာ (၁) : ဦးဥတ္တမ ခန်းမ၊ စစ်တွေမြို့။
ကျင်းပမည့်နေရာ (၂) : Sedona Hotel ၊ ၂ လွှာ ၊ ရန်ကင်းခန်းမ ၊ ရန်ကင်း မြို့နယ် ၊ ရန်ကုန်။ (Myanmar Plaza အနီး)
အသေးစိတ် သိရှိလိုပါက www.imyanmarhouse.com/sittwe တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)