ဘဏ္ေခ်းေငြအပါအ၀င္ လစဥ္ အရစ္က်ေငြေခ်စနစ္ျဖင့္ တုိက္ခန္း ၀ယ္မည္ဆုိလွ်င္

ဘဏ္ေခ်းေငြအပါအ၀င္ လစဥ္ အရစ္က်ေငြေခ်စနစ္ျဖင့္ တုိက္ခန္း ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
3 Apr 2019 12:43 pm တွင် တင်ခဲ့သည်
9761 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Zawgyi]

''လစဥ္အရစ္က်ေငြေပးေခ်စနစ္နဲ႔ တုိက္ခန္းေတြ ေရာင္းခ်တာ ေတြ႔ေနရတယ္ဆရာ။ ႀကိဳပြိဳင့္နဲ႔ အရစ္က်ေပးေခ် တာ ဘာကြာသလဲ ဆရာ'' ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္။

''ႀကိဳပြိင့္ေငြေခ်စနစ္က အေဆာက္အအုံမရွိမီကတည္းက ႀကိဳတင္ေငြတစ္စိတ္တစ္ပုိင္းေပးေခ်ၿပီး အေဆာက္အ အုံၿပီးစီးသည့္အခ်ိန္မွာ ေငြအေက်ေပးဆပ္တဲ့ စနစ္ျဖစ္တယ္။ ဆုိလုိတာကေတာ့ (အေဆာက္အအုံ) တစ္နည္း ေျပာရရင္ မိမိဝယ္ယူထားတဲ့ တုိက္ခန္းၿပီးစီးလုိ႔ ဝင္ေရာက္ေနထုိင္တဲ့အခ်ိန္မွာ ေရာင္းဖုိးေငြ အေက်ေပးေခ်ၿပီး ျဖစ္ေနရပါမယ္''

''အရစ္က်စနစ္က တုိက္ခန္းမွာ ဝင္ေနလုိ႔ရတယ္ဆုိတာ ဟုတ္ပါသလား''

''လစဥ္အရစ္က်ေပးေခ်စနစ္ကေတာ့ အေဆာက္အအုံၿပီးေနရင္ဝင္ၿပီး ႀကိဳတင္ေနထုိင္ခြင့္ရမွာျဖစ္ပါတယ္။ ဒါေပ မယ့္ ပထမအရစ္မွာေတာ့ ေရာင္းဖုိးေငြရဲ႕ ၃ဝ ရာခုိင္ႏႈန္း ဒါမွမဟုတ္ ၂ဝ ရာခုိင္ႏႈန္းေပးေခ်ၿပီး က်န္ေငြပမာဏ ကုိ အတုိးႏႈန္းရယူလုိ႔ လစဥ္အရစ္က်ေပးသြင္းစနစ္ျဖစ္တယ္''

အရစ္က်ေငြေပးေခ်မႈႏွင္႕ အတုိးႏႈန္း

''ကြၽန္ေတာ္ တုိက္ခန္းဝယ္ဖုိ႔ အေရာင္းျပခန္းေတြကုိ သြားၾကည့္တယ္ဆရာ။ ဆရာေျပာသလုိ အတုိးႏႈန္းနဲ႔ တြက္ ခ်က္တာေတြ႔ရပါတယ္။ အဆင္ေျပပါ့မလားလုိ႔''

''အခ်ဳိ႕ေဆာက္လုပ္ေရး လုပ္ငန္းရွင္ေတြက အရစ္က်ေပးသြင္းမႈကာလကုိ တစ္ႏွစ္ထားၾကတယ္။ အခ်ဳိ႕က လည္း ၁ဝ လ သတ္မွတ္သြင္းၾကတယ္။ ဘယ္လုိပဲ သြင္းၾကေပမယ့္ က်န္တဲ့ အိမ္တန္ဖုိးေပၚမွာ တစ္ႏွစ္လွ်င္ ၁၂ ရာခိုင္ႏႈန္း၊ ၁၃ ရာခုိင္ႏႈန္း အတုိးႏႈန္း သတ္မွတ္တြက္ခ်က္ေလ့ရွိၾကတယ္''

''ႀကိဳပြိင့္စနစ္ကေတာ့ အတုိး ႏႈန္းသေဘာ မရွိဘူးေပါ့ေနာ္''

''မွန္ပါတယ္။ ဒါေပမယ့္ ႀကိဳပြိဳင့္က ေငြလုံးခနဲ ေပးဆပ္ရတာဆုိေတာ့ တခ်ဳိ႕ဝယ္သူေတြက အရစ္က်ေပး ေခ်စနစ္ကုိ သေဘာက်လက္ခံၾကတယ္''

''ကြၽန္ေတာ္တုိ႔လုိ ႏုိင္ငံျခား သေဘၤာလုိက္ေနသူအတြက္ေတာ့ အရစ္က်က အဆင္ေျပႏုိင္တာေပါ့ ဆရာ''

''ဒါလည္း မွန္ပါတယ္။ အဆင္ေျပရင္ ေငြမေက်မီမွာ အခန္းလက္ ေရာက္ရရွိတာမ်ဳိးလည္း ျဖစ္ႏုိင္ပါတယ္''

''ဟုတ္ကဲ့ ဆရာ။ ရန္ကင္းကန္ဘဲ့ ဘူတာ႐ုံလမ္းမွာ တည္ေဆာက္ေနတဲ့ Kanbae Condominium (ကန္ဘဲ့ကြန္ဒုိမီနီယံ) မွာ ကနဦး ေပးသြင္းေငြ ၂ဝ ရာခုိင္ႏႈန္းေပးသြင္းၿပီး လစဥ္-သြင္းေငြ ၁ဝ သိန္းမွ ၁၅ သိန္း က်ပ္ေပးေခ်ရင္ ၄ဝ ရာခုိင္ႏႈန္းေငြေက်႐ုံနဲ႔ အခန္းပုိင္ဆုိင္ခြင့္ရမယ္လုိ႔ သိရတယ္ဆရာ''

''မွန္ပါတယ္။ မိမိဝင္ေငြနဲ႔ တုိင္းတာၿပီး အရစ္က်စနစ္နဲ႔ ဝယ္ႏုိင္လာၾကၿပီျဖစ္ပါတယ္။ တခ်ဳိ႕လည္း သုံးႏွစ္ကာလ ငါးႏွစ္ကာလထိေပးေခ်ႏုိင္တာေတြရွိလာတယ္''

''အရစ္က်ေငြမေက်ေသးေတာ့ ပုိင္ဆုိင္ခြင့္က ဘယ္လုိျဖစ္ႏုိင္ပါသလဲ ဆရာ''

''တုိက္ခန္းရဲ႕ သေဘာသဘာဝအရေတာ့ ျပန္လည္လႊဲေျပာင္းေရာင္း ခ်ခြင့္ရွိမွာ ျဖစ္ပါတယ္။ ေငြအေက် ေပး ေဆာင္ျခင္းမရွိေသးရင္ေတာ့ လႊဲေျပာင္းေရာင္းခ်ရာမွာ အခက္အခဲရွိ ႏုိင္ပါတယ္'' ''တုိက္ခန္းအဝယ္ ထပ္တာမ်ဳိး ရွိႏုိင္ပါသလား''

''ဒါကေတာ့ ေဆာက္လုပ္ေရးအဖဲြ႔ ေျမရွင္တုိ႔နဲ႔ ေသခ်ာေတြ႔ဆုံၿပီးမွ ဝယ္သင့္ပါတယ္။ အရစ္က်ေပးေဆာင္ေန တာ မေက်ေသးတဲ့ တုိက္ခန္းဆုိရင္ ေငြအေက်ဘယ္လုိသြင္းရမယ္ဆုိတာကအစ နားလည္တတ္ကြၽမ္းသူ ဥပေဒပညာရွင္၊ ေရွ႕ေနေတြနဲ႔တုိင္ပင္ ေဆာင္ရြက္သင့္ပါတယ္''

ေခ်းေငြျဖင္႕ အိမ္ရာဝယ္ျခင္း

''ေခ်းေငြနဲ႔ အိမ္ရာဝယ္ႏုိင္တယ္လုိ႔ဆုိတာက ဘယ္လုိလဲဆရာ၊ ဘဏ္က ေခ်းေငြရမွာလား၊ ဘယ္က ေခ်းေငြ ထုတ္ေပးမွာလဲ''

''တခ်ဳိ႕ လုပ္ငန္းရွင္မ်ားက ဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး ေခ်းေငြေဆာင္ရြက္ေပးတာေတြရွိပါတယ္''

''ဘဏ္က တစ္ႏွစ္ကုိ ၁၃ ရာခုိင္ႏႈန္း သတ္မွတ္ၿပီးအရစ္က်ေပးဆပ္ခြင့္ျပဳတယ္လုိ႔ သိရတယ္ ဆရာ''

''ဘဏ္ေငြကေတာ့ အမ်ဳိးမ်ဳိးသတ္မွတ္ၾကတာရွိပါတယ္။ တခ်ဳိ႕ဘဏ္ေတြက ၁၂ ဒသမ ၅ ရာခုိင္ႏႈန္းသတ္မွတ္ တာရွိပါတယ္။ နာမည္ေက်ာ္ ပုဂၢလိကဘဏ္တစ္ခုမွာ အိမ္ရာေခ်းေငြ အတုိးႏႈန္းကုိ ပထမတစ္ႏွစ္အတြင္း ၁၃ ရာခုိင္ႏႈန္းေပးသြင္းရမည္ျဖစ္ၿပီး ေခ်းေငြရယူသူက အတုိးအရင္းမွန္မွန္ေပးသြင္းပါက ႏွစ္စဥ္ ဝ ဒသမ ၅ ရာခုိင္ ႏႈန္းစီ ေလ်ာ့က်ကာ အနည္းဆုံး ၁၁ ရာခုိင္ႏႈန္းသာအတုိးေပးသြင္းရသည့္ ခံစားခြင့္နဲ႔ ေခ်းေငြက်ပ္သိန္း ၁၅ဝ ထုတ္ေခ်းမွာျဖစ္တယ္လုိ႔ သိရတယ္''

''ဘဏ္ေခ်းေငြပမာဏက မိမိေခ်းယူလုိတဲ့ ေငြပမာဏ ရရွိႏုိင္ပါသလား ဆရာ''

''ဘဏ္မွာက တန္ဖုိးျဖတ္အဖဲြ႔ဆုိတာရွိတယ္။ အဲဒီအဖဲြ႔က အိမ္ရာ ေခ်းေငြမွာ အိမ္တန္ဖုိး ေပါက္ေစ်းရဲ႕ ၆ဝ ရာခုိင္ႏႈန္း ဒါမွမဟုတ္ ၆ဝ ရာခုိင္ႏႈန္းေအာက္ျဖစ္မယ္ဆုိရင္ အတုိးႏႈန္းကုိ ၁၂ ရာခုိင္ႏႈန္းသာေကာက္ခံတဲ့ အစီ အစဥ္ေတြရွိတယ္။ ေခ်းေငြမွာ အိမ္တန္ဖုိးရဲ႕ ၅ဝ ရာခုိင္ႏႈန္းဒါမွမဟုတ္ ၅ဝ ရာခုိင္ႏႈန္းေအာက္ျဖစ္ရင္ အတုိးႏႈန္း ၁၁ ရာခုိင္ႏႈန္းေကာက္ခံတယ္ဆိုတာမ်ဳိး အမ်ဳိးမ်ဳိးသတ္မွတ္ခ်က္ေတြေတာ့ရွိတယ္''

''ဘဏ္နဲ႔ ေသခ်ာစုံစမ္းဖုိ႔ေတာ့ လုိမွာေပါ့ေနာ္''

''မွန္ပါတယ္။ ကုိယ္ဝယ္မယ့္ အိမ္ရာတုိက္ခန္းေတြဟာ ဘယ္ဘဏ္နဲ႔ ဘယ္လုိခ်ိတ္ဆက္ထားတယ္ဆုိတာ ေလ့လာသိရွိဖုိ႔လုိပါတယ္''

ႏုိင္ငံေတာ္အစုိးရမွ ခ်ေပးသည့္ တန္ဖုိးနည္းတုိက္ခန္းႏွင့္ အရစ္က်စနစ္

''ရန္ကုန္တုိင္း အစုိးရမွ ေရာင္းခ်ေပးတဲ့ တန္ဖုိးနည္း တန္ဖုိးသင့္ အိမ္ရာတုိက္ခန္းေတြကေတာ့ သက္ဆုိင္ရာ ဘဏ္မွာ ပထမဆုံးအိမ္တန္ ဖုိးရဲ႕ ၃ဝ ရာခုိင္ႏႈန္းေပးသြင္းထားရတယ္ မဟုတ္လား''

''ဟုတ္ပါတယ္။ အခ်ဳိ႕ကလည္း လက္ငင္းေပးေခ်သြားတာေတြလည္းရွိၾကပါတယ္။ ဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး ေခ်းေငြကိစၥေဆာင္ရြက္ေပးမယ္လုိ႔လည္းၾကားသိရပါတယ္''

''ဟုတ္ကဲ့ ဆရာ၊ အိမ္ရာေခ်းေငြနဲ႔ ေရာင္းခ်ႏုိင္ဖုိ႔ ကနဦးေပးသြင္းေငြ ၂ ရာခုိင္ႏႈန္းနဲ႔ ေရာင္းခ်ႏိုင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္းၾကားသိရတယ္ ဆရာ''

''ဟုတ္ပါတယ္။ ရန္ကုန္တုိင္း အစုိးရအဖြဲ႔က ႀကိဳးစားေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ ေငြေခ်းစနစ္နဲ႔ ဝယ္ယူလုိသူမ်ားအတြက္ ပုံမွန္ အိမ္ရာေခ်းေငြအတုိးႏႈန္း ၁၃ ရာခုိင္ႏႈန္းမွ အတုိးႏႈန္း ၈ ဒသမ ၅ ရာခုိင္ႏႈန္း သတ္မွတ္ေပးဖုိ႔ ႀကိဳးစားေနတယ္လို႔လည္း ၾကားသိရတယ္''

''ေငြေခ်းစနစ္ဆုိေတာ့ ပစၥည္ေပါင္ႏွံကိစၥက ရွိသလား''

''အိမ္ရာေပါင္ႏွံေခ်းေငြစနစ္အျဖစ္ ေဆာင္ရြက္ၾကတာျဖစ္တယ္။ ဆုိလုိတာက မိမိဝယ္ယူတဲ့ အိမ္တုိက္ခန္းကို ျပန္လည္အေပါင္ထားတဲ့ သေဘာျဖစ္ပါတယ္''

''ဘယ္လုိပဲျဖစ္ျဖစ္ ေငြအလုံးအရင္း မရွိတဲ့သူေတြေတာ့ အဆင္ေျပႏုိင္တာေပါ့''

''တျဖည္းျဖည္းနဲ႔ေတာ့ ေအာင္ ျမင္လာမွာပါ''ဟု ေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

[Unicode]

ဘဏ်ချေးငွေအပါအဝင် လစဉ် အရစ်ကျငွေချေစနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

''လစဉ်အရစ်ကျငွေပေးချေစနစ်နဲ့ တိုက်ခန်းတွေ ရောင်းချတာ တွေ့နေရတယ်ဆရာ။ ကြိုပွိုင့်နဲ့ အရစ်ကျပေးချေ တာ ဘာကွာသလဲ ဆရာ'' ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

''ကြိုပွိင့်ငွေချေစနစ်က အဆောက်အအုံမရှိမီကတည်းက ကြိုတင်ငွေတစ်စိတ်တစ်ပိုင်းပေးချေပြီး အဆောက်အ အုံပြီးစီးသည့်အချိန်မှာ ငွေအကျေပေးဆပ်တဲ့ စနစ်ဖြစ်တယ်။ ဆိုလိုတာကတော့ (အဆောက်အအုံ) တစ်နည်း ပြောရရင် မိမိဝယ်ယူထားတဲ့ တိုက်ခန်းပြီးစီးလို့ ဝင်ရောက်နေထိုင်တဲ့အချိန်မှာ ရောင်းဖိုးငွေ အကျေပေးချေပြီး ဖြစ်နေရပါမယ်''

''အရစ်ကျစနစ်က တိုက်ခန်းမှာ ဝင်နေလို့ရတယ်ဆိုတာ ဟုတ်ပါသလား''

''လစဉ်အရစ်ကျပေးချေစနစ်ကတော့ အဆောက်အအုံပြီးနေရင်ဝင်ပြီး ကြိုတင်နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေ မယ့် ပထမအရစ်မှာတော့ ရောင်းဖိုးငွေရဲ့ ၃ဝ ရာခိုင်နှုန်း ဒါမှမဟုတ် ၂ဝ ရာခိုင်နှုန်းပေးချေပြီး ကျန်ငွေပမာဏ ကို အတိုးနှုန်းရယူလို့ လစဉ်အရစ်ကျပေးသွင်းစနစ်ဖြစ်တယ်''

အရစ်ကျငွေပေးချေမှုနှင့် အတိုးနှုန်း

''ကျွန်တော် တိုက်ခန်းဝယ်ဖို့ အရောင်းပြခန်းတွေကို သွားကြည့်တယ်ဆရာ။ ဆရာပြောသလို အတိုးနှုန်းနဲ့ တွက် ချက်တာတွေ့ရပါတယ်။ အဆင်ပြေပါ့မလားလို့''

''အချို့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အရစ်ကျပေးသွင်းမှုကာလကို တစ်နှစ်ထားကြတယ်။ အချို့က လည်း ၁ဝ လ သတ်မှတ်သွင်းကြတယ်။ ဘယ်လိုပဲ သွင်းကြပေမယ့် ကျန်တဲ့ အိမ်တန်ဖိုးပေါ်မှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်း အတိုးနှုန်း သတ်မှတ်တွက်ချက်လေ့ရှိကြတယ်''

''ကြိုပွိင့်စနစ်ကတော့ အတိုး နှုန်းသဘော မရှိဘူးပေါ့နော်''

''မှန်ပါတယ်။ ဒါပေမယ့် ကြိုပွိုင့်က ငွေလုံးခနဲ ပေးဆပ်ရတာဆိုတော့ တချို့ဝယ်သူတွေက အရစ်ကျပေး ချေစနစ်ကို သဘောကျလက်ခံကြတယ်''

''ကျွန်တော်တို့လို နိုင်ငံခြား သင်္ဘောလိုက်နေသူအတွက်တော့ အရစ်ကျက အဆင်ပြေနိုင်တာပေါ့ ဆရာ''

''ဒါလည်း မှန်ပါတယ်။ အဆင်ပြေရင် ငွေမကျေမီမှာ အခန်းလက် ရောက်ရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်''

''ဟုတ်ကဲ့ ဆရာ။ ရန်ကင်းကန်ဘဲ့ ဘူတာရုံလမ်းမှာ တည်ဆောက်နေတဲ့ Kanbae Condominium (ကန်ဘဲ့ကွန်ဒိုမီနီယံ) မှာ ကနဦး ပေးသွင်းငွေ ၂ဝ ရာခိုင်နှုန်းပေးသွင်းပြီး လစဉ်-သွင်းငွေ ၁ဝ သိန်းမှ ၁၅ သိန်း ကျပ်ပေးချေရင် ၄ဝ ရာခိုင်နှုန်းငွေကျေရုံနဲ့ အခန်းပိုင်ဆိုင်ခွင့်ရမယ်လို့ သိရတယ်ဆရာ''

''မှန်ပါတယ်။ မိမိဝင်ငွေနဲ့ တိုင်းတာပြီး အရစ်ကျစနစ်နဲ့ ဝယ်နိုင်လာကြပြီဖြစ်ပါတယ်။ တချို့လည်း သုံးနှစ်ကာလ ငါးနှစ်ကာလထိပေးချေနိုင်တာတွေရှိလာတယ်''

''အရစ်ကျငွေမကျေသေးတော့ ပိုင်ဆိုင်ခွင့်က ဘယ်လိုဖြစ်နိုင်ပါသလဲ ဆရာ''

''တိုက်ခန်းရဲ့ သဘောသဘာဝအရတော့ ပြန်လည်လွှဲပြောင်းရောင်း ချခွင့်ရှိမှာ ဖြစ်ပါတယ်။ ငွေအကျေ ပေး ဆောင်ခြင်းမရှိသေးရင်တော့ လွှဲပြောင်းရောင်းချရာမှာ အခက်အခဲရှိ နိုင်ပါတယ်'' ''တိုက်ခန်းအဝယ် ထပ်တာမျိုး ရှိနိုင်ပါသလား''

''ဒါကတော့ ဆောက်လုပ်ရေးအဖွဲ့ မြေရှင်တို့နဲ့ သေချာတွေ့ဆုံပြီးမှ ဝယ်သင့်ပါတယ်။ အရစ်ကျပေးဆောင်နေ တာ မကျေသေးတဲ့ တိုက်ခန်းဆိုရင် ငွေအကျေဘယ်လိုသွင်းရမယ်ဆိုတာကအစ နားလည်တတ်ကျွမ်းသူ ဥပဒေပညာရှင်၊ ရှေ့နေတွေနဲ့တိုင်ပင် ဆောင်ရွက်သင့်ပါတယ်''

ချေးငွေဖြင့် အိမ်ရာဝယ်ခြင်း

''ချေးငွေနဲ့ အိမ်ရာဝယ်နိုင်တယ်လို့ဆိုတာက ဘယ်လိုလဲဆရာ၊ ဘဏ်က ချေးငွေရမှာလား၊ ဘယ်က ချေးငွေ ထုတ်ပေးမှာလဲ''

''တချို့ လုပ်ငန်းရှင်များက ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေဆောင်ရွက်ပေးတာတွေရှိပါတယ်''

''ဘဏ်က တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ပြီးအရစ်ကျပေးဆပ်ခွင့်ပြုတယ်လို့ သိရတယ် ဆရာ''

''ဘဏ်ငွေကတော့ အမျိုးမျိုးသတ်မှတ်ကြတာရှိပါတယ်။ တချို့ဘဏ်တွေက ၁၂ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ် တာရှိပါတယ်။ နာမည်ကျော် ပုဂ္ဂလိကဘဏ်တစ်ခုမှာ အိမ်ရာချေးငွေ အတိုးနှုန်းကို ပထမတစ်နှစ်အတွင်း ၁၃ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ချေးငွေရယူသူက အတိုးအရင်းမှန်မှန်ပေးသွင်းပါက နှစ်စဉ် ဝ ဒသမ ၅ ရာခိုင် နှုန်းစီ လျော့ကျကာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းသာအတိုးပေးသွင်းရသည့် ခံစားခွင့်နဲ့ ချေးငွေကျပ်သိန်း ၁၅ဝ ထုတ်ချေးမှာဖြစ်တယ်လို့ သိရတယ်''

''ဘဏ်ချေးငွေပမာဏက မိမိချေးယူလိုတဲ့ ငွေပမာဏ ရရှိနိုင်ပါသလား ဆရာ''

''ဘဏ်မှာက တန်ဖိုးဖြတ်အဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့က အိမ်ရာ ချေးငွေမှာ အိမ်တန်ဖိုး ပေါက်ဈေးရဲ့ ၆ဝ ရာခိုင်နှုန်း ဒါမှမဟုတ် ၆ဝ ရာခိုင်နှုန်းအောက်ဖြစ်မယ်ဆိုရင် အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းသာကောက်ခံတဲ့ အစီ အစဉ်တွေရှိတယ်။ ချေးငွေမှာ အိမ်တန်ဖိုးရဲ့ ၅ဝ ရာခိုင်နှုန်းဒါမှမဟုတ် ၅ဝ ရာခိုင်နှုန်းအောက်ဖြစ်ရင် အတိုးနှုန်း ၁၁ ရာခိုင်နှုန်းကောက်ခံတယ်ဆိုတာမျိုး အမျိုးမျိုးသတ်မှတ်ချက်တွေတော့ရှိတယ်''

''ဘဏ်နဲ့ သေချာစုံစမ်းဖို့တော့ လိုမှာပေါ့နော်''

''မှန်ပါတယ်။ ကိုယ်ဝယ်မယ့် အိမ်ရာတိုက်ခန်းတွေဟာ ဘယ်ဘဏ်နဲ့ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာ လေ့လာသိရှိဖို့လိုပါတယ်''

နိုင်ငံတော်အစိုးရမှ ချပေးသည့် တန်ဖိုးနည်းတိုက်ခန်းနှင့် အရစ်ကျစနစ်

''ရန်ကုန်တိုင်း အစိုးရမှ ရောင်းချပေးတဲ့ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတိုက်ခန်းတွေကတော့ သက်ဆိုင်ရာ ဘဏ်မှာ ပထမဆုံးအိမ်တန် ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းပေးသွင်းထားရတယ် မဟုတ်လား''

''ဟုတ်ပါတယ်။ အချို့ကလည်း လက်ငင်းပေးချေသွားတာတွေလည်းရှိကြပါတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေကိစ္စဆောင်ရွက်ပေးမယ်လို့လည်းကြားသိရပါတယ်''

''ဟုတ်ကဲ့ ဆရာ၊ အိမ်ရာချေးငွေနဲ့ ရောင်းချနိုင်ဖို့ ကနဦးပေးသွင်းငွေ ၂ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်အောင် စီစဉ်နေတယ်လို့လည်းကြားသိရတယ် ဆရာ''

''ဟုတ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ငွေချေးစနစ်နဲ့ ဝယ်ယူလိုသူများအတွက် ပုံမှန် အိမ်ရာချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ပေးဖို့ ကြိုးစားနေတယ်လို့လည်း ကြားသိရတယ်''

''ငွေချေးစနစ်ဆိုတော့ ပစ္စည်ပေါင်နှံကိစ္စက ရှိသလား''

''အိမ်ရာပေါင်နှံချေးငွေစနစ်အဖြစ် ဆောင်ရွက်ကြတာဖြစ်တယ်။ ဆိုလိုတာက မိမိဝယ်ယူတဲ့ အိမ်တိုက်ခန်းကို ပြန်လည်အပေါင်ထားတဲ့ သဘောဖြစ်ပါတယ်''

''ဘယ်လိုပဲဖြစ်ဖြစ် ငွေအလုံးအရင်း မရှိတဲ့သူတွေတော့ အဆင်ပြေနိုင်တာပေါ့''

''တဖြည်းဖြည်းနဲ့တော့ အောင် မြင်လာမှာပါ''ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service