ကျပ်သိန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်း ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်း တည်ဆောက်မှုပြီးစီး

ကျပ်သိန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်း ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်း တည်ဆောက်မှုပြီးစီး - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 11:41 am တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

ကျပ်သိန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ရွှေမင်းဝံနှစ်ထပ်ဈေး ၇၅ ရာခိုင်နှုန်းတည်ဆောက်မှု ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“နှစ်ထပ်ဈေးတည်ဆောက်မှုက ၇၅ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဈေးဆိုင်ခန်းတွေ ရောင်းဖို့နည်းနည်း ကျန်သေးတယ်။ အပေါ်ထပ်နဲ့ အောက်ထပ်ဈေးဆိုင်တိုက်ခန်း နည်းနည်းစီရောင်းဖို့ ကျန်သေးတယ်။ အမိုးပါ အကာမဲ့ဈေးဆိုင်ခန်းတွေက အကုန်ရောင်းပြီးပါပြီ။ မေ ၁ ရက်နေ့ဖွင့်နိုင်ဖို့ လျာထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့တွင် စစ်ကိုင်းမြို့မဈေးကြီး၊ ရွာထောင်ဘူတာဈေး၊ သရက်ပင်ဆိပ်ဈေး၊ မန်ကျည်းစဉ်ဈေး၊ ရွှေမင်းဝံဈေးများရှိပြီး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေးသည် ဟောင်းနွမ်းပျက်စီးမှုများရှိလာခြင်း၊ ရွှေမင်းဝံရပ်ကွက်သည် စစ်ကိုင်းစက်မှုဇုန်၊ ပညာရေးတက္ကသိုလ်အနီးတည်ရှိပြီး လူဦးရေထူထပ် လာသောကြောင့် ရွှေမင်းဝံဈေးအား ဖြိုဖျက်ကာ နှစ်ထပ်ဈေးအသစ်အဖြစ် ကျပ်သိန်းတစ်သောင်းကျော် အကုန်ကျခံကာ အမေ့နန်းတော်ကုမ္ပဏီက ၂၀၁၈ ဇွန်လအတွင်း တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခုဈေးတည်ဆောက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အသစ်တည်ဆောက်မည့် နှစ်ထပ်ဈေး ဆိုင်ခန်းများတွင် ရွှေမင်းဝံရပ်ကွက် ၂၅ လမ်း မျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ × ၁၂ ပေ) တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၊ အပေါ်ထပ်ဆိုင်ခန်းအတွင်းလှည့် (၁၀ ပေ ပတ်လည်) အား ကျပ်သိန်း ၁၀၀ နှင့် ၆ လမ်း၊ ၈ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ × ၁၂ ပေ) များအား သိန်း ၁၅၀၊ အပေါ်ထပ်အခန်းအတွင်းလှည့် (၁၀ ပတ်လည်)များအား ၇၅ သိန်း၊ အမိုးပါအကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ၁၅ သိန်းဖြင့် လေးကြိမ်အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး ပျံကျဆိုင်ခန်းများအား အခမဲ့ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဈေးသစ်၏ ပုံစံမှာ ‘ယူ’ ပုံစံဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service