လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည်

လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 11:38 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဆောက်ခြင်း၊ လမ်းဖော်ခြင်းနှင့်မြေဖော်ခြင်းပြုလုပ်နေသူများ၊ ကားများဖြင့် မြေ၊ကျောက် သယ်ယူပို့ဆောင်ပေးသူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းက မဇ္ဈိမကို ပြောသည်။

"ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၄၉၃၊ ရန်ကင်း၊ ကန်ကောက်ကွင်း၊ နန်းဦးလွင်ကွင်း အဲဒီအထဲမှာ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ လမ်းဖော်ခြင်း၊ အိမ်ဆောက်ခြင်းတွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။"ဟု ဦးညွှန့်ဆန်းက ပြောသည်။

ယခင်က အရေးယူမှုများပြုလုပ်နေသော်လည်း ယခုအခါတွင် တစ်ချို့သောသူများသည် ဆက်လုပ်ကိုင်ခြင်းများ ရှိနေခြင်းကြောင့် ကျောက်မြေ သယ်ယူပို့ဆောင်ပေးသည့်ကားများပါ အရေးယူသွားဖြစ်သည်။

“ ကျွန်တော်အထူးပြောချင်တာကတော့ ကျောက်ထုတ်လုပ်သူတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ မြေထုတ် လုပ်သူတွေ ရှိတယ်။ နောက်ပြီးတော့ ကားတွေနဲ့ လိုက်လံပြီးတော့မှ သယ်ယူပို့ဆောင်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကားတွေက မြို့နယ်ထဲမှာရှိတဲ့၊ လယ်ယာမြေထဲကို ခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ ကျောက်ချခြင်း၊ လမ်းဖော်ခြင်း ဒါတွေ လုပ်နေတယ်၊ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ တိုင်းစည်ပင်ကနေပြီးတော့မှ ဝန်ကြီးရဲ့ ညွှန်ကြားမှုအရ အရေးယူဆောင်ရွက်သွားမယ် "ဟု ဦးညွှန့်ဆန်းက ပြောသည်။

ထိုသို့ အရေးယူသွားမည်ဖြစ်ကြောင်းကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ရေးစခန်းများနှင့် မြေထုတ်လုပ်ရောင်းချနေသူများ၊ မြေသယ်၊ ကျောက်သယ်ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များကို သိရှိနားလည် စေရန် ပညာပေးဟောပြောမှုများလည်း ပြုလုပ်လျှက်ရှိကြောင်းလ သိရသည်။

ကျောက်ထုတ်လုပ်ရောင်းချနေသူတစ်ဦးက"ဟောပြောတာတော့ ရှိပါတယ်။ ဒါပေမယ့် ကျောက်လာမှာတဲ့သူကို ခင်ဗျာမြေ ဘာမြေလည်းတို့ တရားဝင်လားတို့ မေးဖို့ကြ အဆင်မပြေလောက်ဘူး။ မှာတဲ့သူဝယ်တဲ့သူ ရှိမှ ရောင်းရတာလေ။ ကျွန်တော်တို့ပါ အရေးယူမယ်ဆိုတော့ ဘာလုပ်စားမှန်းတောင် မသိတော့ဘူး။"ဟု ပြောသည်။

ကျောက်သယ်၊ မြေသယ်ယာဉ်မောင်းတစ်ချို့မှာ အရေးယူခံရမည်ကို စိုးရိမ်လျှက်ရှိသော်လည်း စားဝတ်နေရေး အရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

"အခုကတော့ လယ်ယာမြေ ဖို့ ဖို့တို့၊ လမ်းခင်းဖို့တို့ လာဝယ်တာများတယ်။ ကျွန်တော်တို့လည်း အဲဒါတွေပဲ အများဆုံး ပို့နေရတယ်။ မြို့ထဲက သူ့လူနဲ့သူ့ကုမ္ပဏီ ရှိတယ်။ ကျွန်တော်တို့လို ခေါက်စားသမားကတော့ ဘယ်သူက မှာမှာ ပို့ရတာပဲ။ လယ်ယာမြေထဲမှာ ဆောက်နေတာလည်း မျက်မြင်ပဲ။ ဥပဒေ မလေးစားလို့တော့ မဟုတ်ဘူး။ စားဝတ်နေရေးအတွက်ကတော့ လုပ်နေရဦးမှာပဲ။"ဟု ကျောက်သယ်ယာဉ်မောင်းတစ်ဦးက ပြောသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ မသုံးပြုနေသူများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်နေသော်လည်း ဆက်လက်ဆောက်လုပ်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service