ငလျင်ဒဏ်ကာကွယ်ရန်အဆောက်အအုံများ ကြိုတင်ပြင်ဆင်ထားသင့်သည့်နည်းလမ်းများနှင့် ဘေးကင်းရန် နေထိုင်သင့်သည့် နည်းလမ်းများ

ငလျင်ဒဏ်ကာကွယ်ရန်အဆောက်အအုံများ ကြိုတင်ပြင်ဆင်ထားသင့်သည့်နည်းလမ်းများနှင့် ဘေးကင်းရန် နေထိုင်သင့်သည့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Apr 2019 1:03 pm တွင် တင်ခဲ့သည်
1532 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ပထမဦးစွာအနေနှင့် မြန်မာနိုင်ငံအတွင်းတွင် ဘာကြောင့် ငလျင်လှုပ်ရလဲဆိုတာမှာ အကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။

(၁) အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရွေ့လျားလာတဲ့ အိန္ဒိယပြတ်ရွေ့မြေထု။

(၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှ အနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ ပြတ်ရွေ့မြေထု။စတဲ့အကြောင်းကြီး နှစ်ချက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငလျင်များလှုပ်နေရခြင်းဖြစ်သည်ဟုသိရသည်။

ငလျင်နှင့် ပတ်သတ်ပြီး ကာကွယ်သင့်သည့် နည်းလမ်းများကိုဖော်ပြပေးချင်ပါသည်။

(၁)အိမ်အပြင်ဘက်မှာရှိသော ပစ္စည်းများသည်လည်း အန္တရာယ်ဖြစ်စေနိုင်သည်။

သစ်ပင်၊ဓာတ်တိုင်၊ဓာတ်ကြိုးများသည်လည်း အန္တရာယ်ဖြစ်စေနိုင်သည်။အိမ်ပေါ်သို့ကျရောက်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ထားရမည်။

(၂)အိမ်ကို ပြုပြင်ရန်လိုအပ်လျှင်ပြုပြင်ထားသင့်သည်။

အားနည်းနေသော Foundation, အိမ်ခေါင်မိုးအုပ်ကြွပ်များသည် ငလျင်ကြောင့်ပျက်စီးစေနိုင်သည်။ခိုင်ခံ့အောင်ပြုလုပ်ထားခြင်း၊ပြုပြင်ခြင်းပြုလုပ်ထားသင့်သည်။

(၃)ပျက်စီးနေသော နံရံများကိုပြုပြင်ပါ

ငလျင်သည် နံရံများကို ပြိုကျခြင်းကင်းဝေးအောင် တိုင်များထောက်ထားသင့်သည်။

(၄)ငလျင်ဒဏ်ခံနိုင်ရန်အတွက် သံမဏိဘောင် သို့မဟုတ် အထပ်သားများကိုထည့်ပါ။

(၅) ပုံမှန်အားဖြင့် ပြတင်းပေါက်ဘောင်များသည် လေးထောင့်များသာဖြစ်သည်။စတုဂံပြတင်းပေါက်ဘောင်များသည် ၎င်းတို့၏ ထောင့်အက်နှင့်ဘောင်သည် ငလျင်၏ဖိအားကြောင့်ပြောင်းလဲလာနိုင်သည်။စတုဂံအစား ထောင့်ဝိုင်းလေးများ သုံးခြင်းဖြင့် ပြတင်းပေါက်၏ မူလအခြေအနေများကို ထိန်းသိမ်းနိုင်သည်။

(၆)ပြိုကျပျက်စီးလွယ်သော စာအုပ်စင်များ၊ကွန်ပြူတာများ၊ရေခဲသေတ္တာများ၊water heater များအား မြဲမြံစွာ စီမံထားပါ။

၂။ငလျင်ဖြစ်ပြီးနောက် ပျက်စီးမှုများအား ပြန်လည်ဆန်းစစ်ခြင်း

(၁)ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှု့ပါ။ဝါယာကြိုးများနှင့် ထိခိုက်စေနိုင်သော ပစ္စည်းများအား မထိပါနှင့်။

(၂)ဓာတုပစ္စည်းများသည်လည်း ဆိုးရွားသော တန်ပြန်သက်ရောက်မှုဖြစ်စေနိုင်သည်။

၃။ဘေးရန်ကင်းဖို့အတွက်

၁။ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေ ကြရပါတယ်။ စာရေးစားပွဲတွေ၊ ကား တွေအစရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ရှိတာကို မြင်ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြု ရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီးအရာ တွေဘေးမှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးရှိတတ်ပါတယ်။

၃။ငလျင်လှုပ်ချိန်မှာမော်တော်ယာဉ်တွေအတွင်း ဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ် ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။

၎။ညအချိန်ငလျင်လှုပ်တဲ့အခါခုတင် ပေါ်မှာတိုက်တိုက်ဆိုင် ဆိုင်ရောက် နေရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့အကြံပြုချက်တွေကိုသာ ခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ်ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။

၅။ငလျင်လှုပ်နေစဉ်ကာလအတွင်း မှာ ပျဉ်ထောင်အိမ်တွေဟာ အလုံခြုံ ဆုံးပါပဲ။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့ အတူ အလိုက်သင့်လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင်ပိမယ့်အလေး ချိန်လည်းနည်းပါးပါတယ်။ အုတ် တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ်တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာရှိနေမယ့်လူတွေ အတွက် အန္တရာယ်ရှိပါတယ်။

၆။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက်ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။

၇။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့  ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာတွေ ပြိုကျလာနိုင်လို့အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

၈။ လှေကားခွင်ထဲမှာ ဘယ်တော့မှမ နေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။

၉။ နံရံတွေရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ်ပါတယ်။

၁၀။ ပြိုကျပျက်စီးနေတဲ့သတင်းစာ တိုက်တွေနဲ့စာရွက်အသုံးများတဲ့ အ ခြားရုံးတွေကိုဝင်ရောက် ကြည့်ရှုဖူး တဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာဆိုရင်တော့ နေရာလွတ်ကြီး ကြီးမားမားကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ် မှာလက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျအဖြေထွက် ခဲ့ပါတယ်။

Credit: buildersguide

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service