ကူဝိတ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၁၂၅ ခုကို တင်ဒါခေါ်ယူမည်

ကူဝိတ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၁၂၅ ခုကို တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
2 Apr 2019 12:31 pm တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး

ကူဝိတ်နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၁၂၅ ခုခန့်ကို ကူဝိတ်ပြည်သူ့ရေးရာလုပ်ငန်းများ ဝန်ကြီးဌာနက တင်ဒါခေါ်ယူ ရန် စီစဉ်ထားပြီး ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ကူဝိတ်အစိုးရပိုင် Kuna သတင်း အေဂျင်စီက ထုတ်ပြန်ထားသည်။

ထိပ်တန်းစီမံကိန်းများတွင် လေဆိပ်ကားရပ်နားရန်နေရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကူဝိတ်နိုင်ငံတကာလေဆိပ် Terminal 2 အသစ်အတွက် သယ်ယူပို့ဆောင်ရေးစင်္ကြန်ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း ပြည်သူ့ရေးရာ လုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီမန် အယ်လ်-အိုမာက ပြောကြားသည်။

ကူဝိတ်တောင်ပိုင်းရှိ ကူးသန်းရောင်းဝယ်ရေးဗဟိုဖြစ်သော Egaila တွင် ပုဂ္ဂလိက စာသင်ကျောင်း ကွန်ပလက်စ်သစ်တစ်ခု ဆောက်လုပ် ရန် စီမံကိန်းတစ်ခုလည်းရှိသည်ဟု ဆိုသည်။

တင်ဒါခေါ်ယူမည့် စီမံကိန်းအများစုတွင် လမ်းများပြုပြင်မွမ်းမံခြင်းလုပ်ငန်းများလည်း ပါဝင်သည်ဟု Kuna ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို အစိုးရအဆောက်အအုံများနှင့် နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းမများတွင် ဖော်ဆောင်သွားမည်လည်း ဖြစ်သည်။

စီမံကိန်းများကို အမျိုးအစားအလိုက် ခွဲခြားထားရာ စီမံကိန်း ၂၃ ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှဖြစ်ပြီး ၅၁ ခုမှာ မွမ်းမံထိန်းသိမ်းရေး စီမံကိန်းများဖြစ်ကြောင်းလည်း အီမန် အယ်လ်-အိုမာက ထုတ်ဖော်ပြောကြားသည်။

ယခုစီမံကိန်းများတွင် ပထဝီသတင်းအချက်အလက်နည်းစနစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။

အဆိုပါနည်းပညာမှာ ဘူမိဗေဒဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် သိပ္ပံပညာနှင့် မြေပုံအတတ်ပညာတို့ကို ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service