လှိုင်သာယာတွင် အိမ်ရာစီမံကိန်းကြီးတစ်ခု ပုဂ္ဂလိကကုမ္ပဏီ အဆိုပြု

လှိုင်သာယာတွင် အိမ်ရာစီမံကိန်းကြီးတစ်ခု ပုဂ္ဂလိကကုမ္ပဏီ အဆိုပြု - Property News in Myanmar from iMyanmarHouse.com
2 Apr 2019 11:44 am တွင် တင်ခဲ့သည်
2469 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Berjaya Land သည် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၅၀,၀၀၀ ကျော် ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း News Watch ဂျာနယ်က ဖော်ပြခဲ့သည်။

၎င်းစီမံကိန်းစတင်ရန်အတွက် အဆိုပြုရက်စွဲမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာဖြစ်သည်။ ရန်ကုန်တိုင်းအနောက်ပိုင်းမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာရှိ မြေဧက ၂၀၀ ဝန်းကျင်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားပြီး နေရာအတိအကျကိုမူ မဖော်ပြထားပေ။

"နေရာကို အတည်မပြုထားသေးပါဘူး။ စီမံကိန်းကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါပဲ။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားလှယ်တစ်ဦးက News Watch သို့ ပြောကြားခဲ့သည်။

အဆိုပါနေထိုင်မည့်သူများမှ လစဉ်ပြန်လည်ပေးသွင်းရမည့် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ Berjaya Land က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။ လက်တလောဆွေးနွေးမှုများကတော့ တစ်လလျှင် ငွေကျပ် ၈ သောင်း (အမေရိကန်ဒေါ်လာ ၅၂ ဒေါ်လာ) ခန့်နှင့် သဘောတူထားသော်လည်း အသေးစိတ်မဆွေးနွေးရသေးပေ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအနေဖြင့် ကျူးကျော်ပြဿနာများဖြေရှင်းနိုင်ရန်အလို့ငှာ ပုဂ္ဂလိကကုမ္ပဏီများနှင့် YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) တို့နှင့်အတူ လက်တွဲ၍ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁ သိန်း တည်ဆောက်ရန် စီစဉ်နေကြောင်း ယခင်က ပြောကြားထားဖူးသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် ကုန်ကျစရိတ်များ လျော့နည်းစေရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် အစိုးရက မြေဈေးနှုန်းများအား သုညဖြင့် ချပေးခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရန် စဉ်းစားနေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖေဖော်ဝါရီအစောပိုင်းကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

လှိုင်သာယာတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသစ် ကျန်စစ်မင်း၏ အဆင့်တစ်စတင်မှုကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ အဆင့်တစ်တွင် စုစုပေါင်း ၂,၃၇၂ ခန်း ပါဝင်သည့် အဆောက်အအုံ ၇၃ လုံး ပါဝင်မည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးအား မြေဧက ၅၀ ခန့်တွင် ဖော်ဆောင်နေခြင်းဖြစ်သည်။

မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ ထိပ်တန်းသုတေသနရင်းမြစ်ဖြစ်သော Myanmar Real Estate & Construction Monitor က တန်ဖိုးနည်းအိမ်ရာစီမံကိန်းအများစုသည် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် တည်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

Berjaya Land Berhad ၏ ကျူးကျော်အိမ်ရာ

Berjaya Land Berhad သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေဖော်ဆောင်ရေးလုပ်ငန်းစုများအနက်တစ်ခုဖြစ်ကာ Berjaya Corporation ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် Yangon Metropolitan Development ကုမ္ပဏီနှင့် Berjaya Land Berhad တို့သည် ရန်ကုန်တွင် ကျူးကျော်အိမ်ရာဖော်ဆောင်မှု အတွက် နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့သည်။

၎င်းစီမံကိန်းကို ကနဦးက တွံတေးမြို့နယ်၌ မြေဧက ၃ ထောင်ဝန်းကျင်တွင် ဖော်ဆောင်ရန် စီစဉ်ခဲ့သည်။ လှိုင်သာယာတွင် အဆိုပြုထားသည့် စီမံကိန်းသည် ၎င်းစီမံကိန်းပဲ ဟုတ်၊ မဟုတ်ကိုမူ မရှင်းလင်းသေးပေ။

Berjaya Land Berhad ကိုယ်စားလှယ်များသည် တန်ဖိုးနည်းအိမ်ခန်းများဝယ်ယူမှုအတွက် အကြွေးဆိုင်းငံ့ခွင့်ချေးငွေစနစ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ၂၀၁၈ ခုနှစ် ဇွန်တွင် တွေ့ဆုံခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တွေ့ဆုံခဲ့ကြသည်။

Berjaya Land သည် ဒဂုံဆိပ်ကမ်းနိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း ဖော်ဆောင်မှုအတွက် EOI (စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ) တင်ပြခဲ့ကြသည့် ကုမ္ပဏီ ၁၄ ခုအနက် တစ်ခုဖြစ်သည်။

Berjaya Corporation ၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သော Berjaya Myanmar Investment က Berjaya HT Eco Park အတွက် စီမံကိန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တင်ပြခဲ့ကြောင်းလည်း Myanmar Real Estate & Construction Monitor က မှတ်ချက်ပြုခဲ့သည်။

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service