ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်းဘဏ်များအချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်မည့် မိုဘိုင်းဖုန်းသုံးငွေပေးချေမှုစနစ် (Mobile Payment) ကို ၂၀၂၀ တွင်အပြီးသတ်ဆောင်ရွက်မည်ဟု ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ်ဒေါ်မြင့်မြင့်ကြည်က ပြောသည်။
အဆိုပါအစီအစဉ်သည် ဗဟိုဘဏ်က ဆောင်ရွက်သည့် တစ်နိုင်ငံလုံးအသုံးပြုမည့် ငွေပေးချေမှုစနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘ဘဏ်တွေကြားမှာ ဟိုဘက်ဒီဘက်သုံးစွဲသူတွေကြားငွေ လွှဲပြောင်းတာတွေလုပ်ဆောင် နိုင်ဖို့ မိုဘိုင်းဖုန်းသုံးငွေပေးချေ မှုဆောင်ရွက်နေတာလည်း ဗဟို ဘဏ်ထိန်းချုပ်မှုအောက်ကသွားရမယ်။ ဒါလည်း ၂၀၂၀ မှာအပြီးသတ်မယ်’’ ဟု ဒေါ်မြင့်မြင့်ကြည် ကပြောသည်။
အဆိုပါ ငွေပေးချေမှုစနစ်ကို ဂျပန်နိုင်ငံအကူအညီဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး အပိုင်း (က) တွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်ချင်းငွေလွှဲပြောင်းခြင်းတို့ ဖြစ်သည်။ ဒုတိယပိုင်းတွင် ပြည်တွင်း ဘဏ်အချင်းချင်းငွေလွှဲပြောင်း နိုင်ရန်ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်း၌ အသုံးပြုနေသော ငွေပေးချေမှုအချို့သည် တရားဝင်မဟုတ်သော် လည်း ဗဟိုဘဏ်ကအရေးယူနိုင် ခြင်းမရှိသေးဘဲ တွေ့ဆုံဆွေးနွေးပြီး လမ်းကြောင်းမှန်ရောက် ရေးသာဆောင်ရွက်နိုင်သည် ဟု ၎င်းကဆိုသည်။
ဗဟိုဘဏ်က ငွေပေးချေမှု နှင့် ပတ်သက်ပြီးဘတ်စ်ကားစီးရန်သယ်ယူပို့ဆောင်ရေးကတ်ငါးခု၊ ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များကြားဆောင်ရွက်သည့် MPU ကတ်၊ Credit ကတ် ငါးခု၊ Union Pay, JCB, VISA, Master ကတ် များ ခွင့်ပြုထားသည်။ ထို့အပြင်မိုဘိုင်းငွေပေးချေမှုအတွက် Wave Money, M-pitsan, Internet Wallet, Mytel စသည် တို့ကို ခွင့်ပြုထားသည်။
မိုဘိုင်းဘဏ်လုပ်ငန်း အတွက် ပြည်တွင်းဘဏ် ၁၀ ခုကိုလည်း ဗဟိုဘဏ်က ခွင့်ပြုထားသည်။
Credit: 7Daydaily