ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent က တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်

ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent က တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 11:25 am တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် အင်တာနက်အခြေပြုကုမ္ပဏီကြီး Tencent သည် တရုတ်ပြည်မကြီးရှိ အိမ်ခြံမြေဝက်ဘ်ဆိုက်ဖြစ်သော Beike တွင် ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Beike Zhaofang အိမ်ခြံမြေဝက်ဘ်ဆိုက်သို့ Tencent ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူများက ကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ပြည်တွင်း မီဒီယာတို့ကလည်း ဖော်ပြကြသည်။

Beike တွင် အဆုံးစွန်အားဖြင့် မည်မျှအထိ ရင်းနှီးမြှုပ်နှံမည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ အဆိုပါအကြောင်းရပ်ကို ရင်းနှီးမြှုပ်နှံသူတို့နှင့် ကုမ္ပဏီအကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်ဟု ဆိုသည်။

Beike ကို တရုတ်ထိပ်တန်းအကျိုးဆောင်ကုမ္ပဏီကြီး Lianjia က လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘဏ္ဍာငွေမြှင့်တင်မှု ခြေလှမ်းများအတွင်း Beike ၏ မိခင်ကုမ္ပဏီတွင် ရှယ်ယာရှင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူ ၂၂ ဦးအထိ နှုတ်ထွက်မှုလည်း ဖြစ်ပေါ်ခဲ့သည်။

Beike ကို Ke.com ဟုလည်း လူသိများပြီး အိမ်ခြံမြေများ ရှာဖွေခြင်းအပြင် ဝယ်လက်နှင့် အိမ်ငှားတို့အတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများလည်း အကူအညီပေးသည့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ပြီး Beike မှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရမူ ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင်ရန်အတွက် ၂၀၁၉ ခုနှစ်မကုန်မီတွင် ရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်ကို ယွမ်ငွေ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၉ ဘီလီယံ) ဖြင့် ရောင်းချရန် စီစဉ်ထားသည်ဟု ဆိုသည်။

ကုမ္ပဏီ၏ တန်ဖိုးတွက်ချက်မှု ယွမ်ငွေ ၁၂၀ ဘီလီယံဟူသော ပမာဏအရ ယခုရင်းနှီးမြှုပ်နှံမှုတွင် Tencent သည် Beike ၏ ရှယ်ယာ ၄ ဒသမ ၄၇ ရာခိုင်နှုန်း ပိုင်ဆိုင်မည်လည်း ဖြစ်သည်။

တရုတ်စီးပွားရေးသတင်းအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်သော Huxiu ၏ ဖော်ပြချက်အရ Beike သည် ယခုရရှိလာသည့် ရင်းနှီးမြှုပ်နှံငွေကို စီးပွားရေးလုပ်ငန်းမှ-စီးပွားရေးလုပ်ငန်းသို့ (B2B)ဈေးကွက်အတွက် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ထုတ်ကုန်ဆန်းသစ်တီထွင်မှု၊ ဝန်ထမ်းအင်အားဖြည့်တင်းမှု အစရှိသည့်ကဏ္ဍများတွင် အသုံးပြုသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service