ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း) တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့အကူအညီဖြင့် ဆောက်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေ ၂ဝ၁၈ ခုနှစ် မေလ ၇ ရက် မှစတင်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေး လက်သမားသင်တန်း၊ ပန်းရံအချောကိုင်သင်တန်း (အုတ်စီခြင်းအပါအ၀င်)၊ RC (Formworks ၊ သံချည်းသံကွေး) သင်တန်းများ အခမဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးသင်တန်းကာလမှ ၄ လကြာမြင့်မှာ ဖြစ်ပါတယ်။
သင်တန်းတွေကို အခြေခံပညာ အလယ်တန်းအဆင့်အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်ပြီး သင်တန်းတစ်ခုလျှင်သင်တန်းသား ၄ဝ ဦးရေ ထိလက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရှိ MONOTSUKURI Institute of Technologists မှ ဂျပန်ပါမောက္ခများ၊ ကထိကများကိုယ်တိုင် လေ့ကျင့် သင်တန်းပေးထားသော မြန်မာဆရာ/မများ သင်ကြားပေးသွားမှာဖြစ်ပြီး၂ဝ၁၈ ခုနှစ် မေလ ၇ ရက် လျှောက်လွှာတွေကို မတ်လ ၁၅ ရက်မှစတင်ကာ လက်ခံပေးသွားမှာဖြစ်ပြီး ဧပြီလ ၂၅ ရက်နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။
သင်တန်းသို့ အသက် ၁၈ နှစ်အထက် ကျန်းမာသန်စွမ်းသော ကျား၊ မ မရွေးလျှောက်ထားနိုင်ပြီး လျှောက်ထားလိုသူတွေ အနေနဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း) အမှတ်(၂၉၈)၊ မြနန္ဒာလမ်း၊(၁၃) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၁-၈၅၆၄၇၇၃ နဲ့ အီးမေးလ် skillstrainingcenter.yankin@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
Credit: Internet Journal