ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာ့ပထမဆုံး ရေအောက်အပန်းဖြေစခန်းကြီး ဒူဘိုင်းတွင် စတင်ဆောက်လုပ်

ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာ့ပထမဆုံး ရေအောက်အပန်းဖြေစခန်းကြီး ဒူဘိုင်းတွင် စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 11:13 am တွင် တင်ခဲ့သည်
934 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Kleindienst Group သည် ဒူဘိုင်းတွင် ကြယ်ငါးပွင့်အဆင့်ရှိ ရေအောက်အပန်းဖြေ စခန်းကြီး စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကြယ်ငါးပွင့် အဆင့်ရှိ ရေအောက်အပန်းဖြေစခန်းကြီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး The Floating Venice ဟု အမည်ပေးထားသည်။

ဒူဘိုင်း၏ ကမ်းလွန် ၄ ကီလိုမီတာအကွာတွင် ပြန့်ကျဲတည်ရှိသော ကျွန်းစုများစွာအနက်မှ ကမ္ဘာလုံးပုံသဏ္ဍာန် ကျွန်းတုငယ်တစ်ခု ဖြစ်သော The World အမည်ရှိ ကျွန်းအနီးတွင် ဆောက်လုပ်မည် ဖြစ်သည်။

အီတလီမှ နာမည်ကျော် Piazza San Marco ကဲိ့သု့ ပုံဖော်မည်ဖြစ်သည့် The Floating Venice ရေအောက်အပန်းဖြေစခန်းကြီးသည် သမားရိုးကျပုံစံများကို ဖောက်ထွက်ကာ လူနေမှုနှင့် အပန်းဖြေမှုအသွင်သစ်များကို ဖော်ဆောင်ပေးမည်ဖြစ်သည်။

ခမ်းနားလှသော အပန်းဖြေစခန်းကြီး၏ အထပ် ၄ ထပ်တွင် ငှားရမ်းနိုင်သည့်အခန်းပေါင်း ၄၁၄ ခန်း ဖြန့်ကျက်ပါဝင်မည် ဖြစ်သည်။

အဆိုပါ အခန်းများအနက် အခန်းပေါင်း ၁၈၀ ၊ ကမ္ဘာ့ပထမဆုံး ရေအောက် အားကစားလေ့ကျင့်ခန်းမနှင့် spa ၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များစွာမှာ ရေအောက်တွင် တည်ရှိမည်ဖြစ်ပြီး သန္တာကျောက်တန်းများ ပေါကြွယ်ဝသည့် ဝန်းကျင်ရေအောက် ရှုခင်းများ၏ ညှို့ယူဖမ်းစားသည့်အလှတရားများကို ရှုမြင်နိုင်မည်ဖြစ်ကြောင်း Kleindienst Group က ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် သန္တာကျောက်တန်းများ၏ အလှကို ကြည့်ရှုရင်း ကြယ်ငါးပွင့်အဆင့် တည်းခိုနေထိုင်မှု ၊ ညစာစားမှုနှင့် အဝတ်အစား ဝယ်ယူမှု များလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

ရေပြင်နှင့် တပြေးညီအမြင့်တွင် ရေကူးကန် ၂၄ ကန် ၊ sea majlis နေရာများ၊ လှေငယ်ကလေးများ ထားရှိပေးမည်ဖြစ်ကြောင်း Burj Al Arab ဟိုတယ်ကြီးတွင် ကျင်းပသည့် The Floating Venice ရေအောက်အပန်းဖြေစခန်းစီမံကိန်း မိတ်ဆက်အခမ်းအနားတွင် ထိပ်တန်း အရာရှိတို့က ပြောကြားသည်။

ဒူဘိုင်း၏ The World ကျွန်းစုများတွင် ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ စိန့်ပီတာစဘတ်၊ ဥရောပအချက်အခြာ၊ ဆွစ်ဇာလန်နှင့်၊ မိုနာကိုဟု အမည်ပေးထားသော ကျွန်းစု ၇ ခုအတွက် ယခုစီမံကိန်းသည် အထင်ကရနေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒူဘိုင်း၏ ကမ်းခြေသို့ ဗင်းနစ် ၏ ညှို့ယူဖမ်းစားမှု ကျက်သရေ၊ အေးချမ်းမှုနှင့် ယဉ်ကျေးမှုတို့ကို ဆောင်ကြဉ်းပေးမည်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service