ဥရောပ၏ အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်အား ဘန်ကောက်ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲနေ

ဥရောပ၏ အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်အား ဘန်ကောက်ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲနေ - Property News in Myanmar from iMyanmarHouse.com
1 Apr 2019 10:42 am တွင် တင်ခဲ့သည်
1360 ကြိမ် ကြည့်ရှု့ပြီး

ဘန်ကောက်အခြေစိုက်ဗိသုကာလုပ်ငန်း Concept i က အင်္ဂလန်မြို့ နယူးကာဆယ်ရှိ တိုင်းမြစ်ကမ်းနဖူးပေါ်တွင် ရှုခင်းကြည့်ချားရဟတ်ကြီး The Whey Aye ကို ဗြိတိန် developer ဖြစ်သော World Wheel Company နှင့်ပူးတွဲ၍ မဟာစီမံကိန်းရေးဆွဲကာ ဒီဇိုင်းဆွဲမည်ဖြစ်ကြောင်း သိရသည်။

၁၄၀ မီတာ (၄၆၀ ပေ) အမြင့်ရှိ The Whey Aye သည် ဥရောပတွင် အမြင့်ဆုံးရှုခင်းကြည့်ချားရဟတ်ဖြစ်လာမည်ဖြစ်ကာ လန်ဒန်မြို့ သိမ်းမြစ်ကမ်းနဖူးပေါ်ရှိ လက်ရှိဥရောပ၏အကြီးဆုံးရှုခင်းကြည့်ချားရဟတ် London eye ထက် ၅ မီတာ (၁၆ ပေ) မြင့်မည်ဖြစ်သည်။

ဗြိတိသျှပေါင် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃၂ သန်း) ကုန်ကျမည့် The Whey Aye သည် Concept i မှ ဘန်ကောက်အခြေစိုက် ဗိသုကာပညာရှင် ဖရန့်ဆက်ဒိုမင်ဂို၏ ဒီဇိုင်းဖြစ်သော၊ လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများဖြစ်သည့် Giants on the Quayside (နယူးကာဆယ်ဆိပ်ကမ်းပေါ်မှ ဧရာမကြီးများ) အပါအဝင် စုစုပေါင်းမြေစတုရန်းမီတာ ၃၂,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

The Whey Aye သည် ခုန်ပျံကျွမ်းထိုးစရာ ပတ္တုဖျင်ချပ်၊ တွယ်တက်ဆော့ကစားရသောာ နံရံများနှင့် မိုးပျံစင်္ကြံကဲ့သို့သော တက်ကြွလှုပ်ရှားဖွယ်နေရာများ ပါဝင်မည့် မိသားစုဖျော်ဖြေရေးစင်တာတစ်ခုပေါ်တွင် မိုးနေမည်ဖြစ်သည်။ ၎င်းစင်တာတွင် တင်းနစ်ကွင်းများနှင့် အဆင့်အမြင့်ဆုံးပုံရိပ်ယောင်ဂေါက်ကလပ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

The Whey Aye ဖော်ဆောင်မှုသည် ဆောက်လုပ်မှုစတင်ချိန်မှစကာ ပြီးစီးချိန် ၁၈ လ သို့မဟုတ် ၂၄ လအတွင်း အလုပ်အကိုင်နေရာပေါင်း ၅၅၀ ခန့်ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းရသည်။

၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Concept i သည် နိုင်ငံပေါင်း ၁၉ နိုင်ငံထက်မနည်းတွင် စီမံကိန်းပေါင်း ၁၅၀ ကျော်ကို အကောင်အထည်ဖော်ပေးပြီးဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service