ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တစ်လလျှင် တန် ၃,၀၀၀ ထုတ်လုပ်နိုင်မည့် ကန် ဒေါ်လာ ၂၅ သန်းတန် ဗီယက် နမ်စတီးစက်ရုံ PEB Steel ကို သီလ၀ါတွင် မတ်လ ၂၉ ရက်က ဖွင့်လှစ်ခဲ့သည်။
ဟိုချီမင်းအခြေစိုက်အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ် ၂၀ ကျော်ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ပြီးနောက် ပထမဆုံး စက်ရုံ လာရောက်ဖွင့်လှစ်ခြင်း ဖြစ်သည်။
စက်ရုံလာရောက်ဖွင့်လှစ် ခြင်းသည် မြန်မာ့ဆောက်လုပ် ရေးလုပ်ငန်းများအရည်အသွေး မြင့်မားလာစေရန် တစ်ဖက်တစ် လမ်းကပံ့ပိုးကူညီခြင်း ဖြစ်သည် ဟု ကုမ္ပဏီက ထုတ်ပြန်ကြေညာ သည်။
အဆိုပါ စက်ရုံသည်ဥရော ပ အခြေစိုက်ဖြစ်ပြီး ၁၉၉၄ တွင် ဗီယက်နမ်၌ ဖွင့်လှစ်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ၂၀၁၇ ၌ စက်ရုံ စတင် တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် PEB ထုတ်ကုန်များကို အသုံးပြုထား သည့် လုပ်ငန်းများသည် LIuvia Capital, Dulwich, Crystal Diamond, Heineken ဘီယာ စက်ရုံ၊ Japan Tabacco (Mild Seven) စသည့်လုပ်ငန်း ၃၀ ကျော်ရှိသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်သည့် စတီးစက်ရုံသည်အဆောက်အအုံအပြင် ဖိလစ်ပိုင်၊ အနောက် အာရှ၊ အာဖရိကနှင့်အခြားနိုင်ငံ တကာဈေးကွက်များသို့ တင်ပို့ ရန်ဖြစ်သည်ဟု ကုမ္ပဏီက ဆို ထားသည်။
Credit: 7Daydaily