အလုံရထားလမ်းကူးအတွက် ခုံးကျော်တံတားသစ် တည်ဆောက်ရန် စီစဉ်နေ

အလုံရထားလမ်းကူးအတွက် ခုံးကျော်တံတားသစ် တည်ဆောက်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 11:24 am တွင် တင်ခဲ့သည်
1202 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ပါဝင်သော အလုံလမ်းဘူတာအနီးရှိ ရထားလမ်းကူးခုံးကျော်တံတားဟောင်းကို ဖျက်ပြီး တံတားသစ်ကို ဧပြီ ၁ ရက်မှစတင်တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထားတိုင်း (၇) မှ အထွေထွေမန်နေဂျာ ဦးဇော်လွင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အလုံလမ်းဘူတာရုံအနီးရှိ ရထားလမ်းကို ဖြတ်ကျော်ထားသည့် လမ်းကူးခုံးကျော်တံတားသည် အကျယ် ၂၆ ပေ ၆ လက်မသာရှိပြီ ကျဉ်းမြောင်းသဖြင့် မော်တော်ယာဉ်များဖြတ်သန်းရာတွင် သတိပြုဖြတ်သန်းနေရခြင်းနှင့် တံတားအမြင့်မှာလည်း ၁၂ ပေ ၆ လက်မသာရှိသည့်အတွက် ရထားလမ်းမြှင့်မည်ဆိုပါက RBE ရထားများနှင့် မလွတ်သောကြောင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းမပြုနိုင်ဘဲ နှစ်စဉ်ရထားလမ်းရေကျော်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အလုံရထားလမ်းကူးခုံးကျော်တံတားကို ဧပြီ ၁ ရက်မှစ၍ တံတားဟောင်းကိုဖျက်ပြီး တံတားသစ်ဖြင့် အစားထိုးရာတွင် အကျယ် ၄၄ ပေ၊ လေးလမ်းသွား၊ အမြင့် ၁၆ ပေရှိမည်ဖြစ်သောကြောင့် လာမည့်နှစ်များတွင် မိုးတွင်းကာလရထားလမ်းရေကျော်ခြင်း ကင်းဝေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခုံးကျော်တံတားဖျက်နေစဉ်ကာလအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းမှုလွယ်ကူစေရေးအတွက် တံတား၏ ဘေးတစ်ဖက်တစ်ချက်၌ လမ်းလွှဲအဖြစ် ဘေလီတံတားနှစ်စင်းကို ယာယီတည်ဆောက်ပေးထားမည်ဖြစ်ပြီး တည်ဆောက်ရေးကို အပိုင်းနှစ်ပိုင်းခွဲထားရာ ပထမပိုင်းမှာ ငါးလခန့်ကြာမြင့်မည်ဖြစ်သည်။

အဆိုပါ ခုံးကျော်တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဘိုးပိုင်း RC Abutment, Pc Grider နှင့် သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး အေ၀မ်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service